Skip to main content
Posts
Showing posts from July, 2018
ဝမ်​ခသစ်​(​မော့မှုးရာ)အပိုင်း-၂၁
*****  တပ်​ချုပ်​ကြီးနှင့်​ အတူတွဲ၍  တိုက်​ခဲ့ရ​သော ဝမ်​ခသစ်​ { ​ကော့မူးရာ } စခန်းတိုက်​ပွဲ  { ၁၉၈၉ } အပိုင်း { ၂၁ }  *****              စခန်းတိုက်​ရမည့်​ ​နေ့  မနက်​ပိုင်းမှာ တူးထား​သော  ဆက်​သွယ်​​ရေး​မြောင်း ထိပ်​အထိ သွား​ရောက်​ကာ  တပ်​ခွဲမှူး နှင့်​  အတူ ရန်​သူ့စခန်း ဗူးဝ ကို  စစ်​သုံး မှန်​​ပြောင်း ကိုယ်​စီဖြင့်​  အနီးကပ်​  ​လေ့လာကြည့်​ရှုရင်း  စစ်​​ရေးသုံးသပ်​  ကြရပါ​လေ၏ ၊ ရန်​သူ့ဝမ်​ခသစ်​ စခန်း၏ ဗူးဝ  အကျယ်​မှာ ကိုက်​  ၂၀၀ ခန့်​ ကျယ်​ပြန့်​ပြီး ကာရံထား​သော သံဆူးကြိုးများကိုလည်း  ထင်​ရှားစွာ ​တွေ့မြင်​ ​နေရပါသည်​ ၊ ကာရံထား​သော  သံဆူးကြိုး { ၁၁ } ထပ်​ရှိပြီး  သံဆူးကြိုးအဆုံး  တွင်​  အလွန်​ ကြီးမား လှစွာ​သော { ၃ } ထပ်​ ကွန်​ကရစ်​ ဘန်​ကာ ကြီး တစ်​လုံးကို  ညာဘက်​ ကျကျ  ​​နေရာတွင်​  ထင်​ရှားစွာ  လှမ်းမြင်​​နေရကာ ဘယ်​ဘက်​ခြမ်းတွင်​လည်း  ၂  ထပ်​  ဘန်​ကာများ ၊  ၃ ထပ်​ဘန်​ကာများ တစ်​လုံးနှင့်​ တစ်​လုံး...
ဝမ်​ခသစ်​(​ကော့မူးရာ)အပိုင်း-၂၀
ဝမ်​ခသစ်​(​ကော့မူးရာ)အပိုင်း-၁၉
*****  တပ်​ချုပ်​ကြီး နှင့်​ အတူတွဲ၍  တိုက်​ခဲ့ရ​သော ဝမ်​ခသစ်​ { ​ကော့မူးရာ } စခန်း တိုက်​ပွဲ  { ၁၉၈၉ } အပိုင်း  { ၁၉ }  *****              ဒုတိယ ​မြောက်​  ညမှာ​တော့  ယူ​ဆောင်​ ရမည့်​  ပစ္စည်း  ထဲမှာ  အမယ်​  တစ်​မျိုး  တိုးပါသည်​ ၊ ပထမ ညက  ဘီး ဟိုက်​ ခွဲပြီးသား ကျင်း​တွေထဲက​မြေ သား​တွေ  အ​ပေါ် ယက်​တင်​ဖို့ အတွက်​  ထမင်းစား ပန်းကန်​ပြား  တစ်​​ယောက်​ တစ်​ချပ်​ စီ သယ်​ ​ဆောင်​ လာကြရခြင်းပါ  ၊ ပန်းကန်​ပြား တစ်​ချပ်​စီ ခါး​နောက်​မှာ  ထိုး ၊ ထုံးစံ အတိုင်း  ကျားသစ်​​ချောင်း တက်​နည်း ဖြင့်​  ရန်​သူ့ သတ်​ကွင်း ထဲ  စတင်​ တက်​ခဲ့ကြ​တော့  ပုံမှန်​ အချိန်​  ည ဆယ်​နာရီ ခွဲ  ၊              မ​နေ့ညက  တာဝန်​ကျ  ကျင်းအသီးသီး မှာပဲ  ပြန်​ ​နေရာချကာ  ကျင်းထဲက  ​မြေစာ​တွေအ​ပေါ် ယက်​ထုတ်​ဖို့  တစ်​နာရီ ခန့်​  အချိန်​​ပေးရသည်​ ၊ တွတ်​ပီ တို့ တူးပြီးသား  လက်​တနှိုက်​...
ဝမ်​ခသစ်​(​ကော့မူးရာ)အပိုင်း-၁၈
*****  တပ်​ချုပ်​ကြီးနှင့်​ အတူတွဲ၍  တိုက်​ခဲ့ ရ​သော  ဝမ်​ခသစ်​ { ​ကော့မူးရာ } စခန်း တိုက်​ပွဲ { ၁၉၈၉ }  အပိုင်း { ၁၈ }  *****               ည​နေပိုင်း မှာ  ဆရာ​အောင်​သိန်း​ဆွေ နှင့်​ စစ်​သည်​  ၅  ဦး​ခေါ်ကာ  တပ်​ခွဲမှူးထံ သတင်းပို့ရပါ သည်​ ၊ တပ်​ခွဲမှူးက တွတ်​ပီ တို့ လက်​​ရွေးစင်​ { ၇ }​ယောက်​ကို  လိုအပ်​သည်​များ  မှာကြားပါသည်​  ````  မကြာမီ  ဝမ်​ခ သစ်​ကို  ဝင်​​ရောက်​ တိုက်​ခိုက်​ရ​တော့ မှာ  ဖြစ်​​ကြောင်း  ၊ ဝင်​တိုက်​ရာတွင်​  ကိုက်​ ၁၅၀ ခန့်​ အကျယ်​  ရှိ​နေသည့်​  သတ်​ကွင်း မှာ  အဓိက  အဟန့်​အတား  ဖြစ်​​နေ​ကြောင်း ၊ အရင်​  တပ်​အဆက်​ဆက်​   တိုက်​ခဲ့စဉ်​ကလည်း  ထိုသတ်​ကွင်း အတွင်း မှာပင်​  မိမိ စစ်​သည်​များ  အသက်​များစွာ  ​ပေးဆပ်​ခဲ့ရ​ကြောင်း ၊ ထို့​ကြောင့်​  သတ်​ကွင်း  အတွင်း ညအချိန်​  တိတ်​တဆိတ်​  ဝင်​​ရောက်​၍  ဘီးဟိုက်​ကျင်း များ ခွဲကာ   အကာအကွယ်​များ...
ဝမ်​ခသစ်​(​ကော့မူးရာ)အပိုင်း-၁၇
*****  တပ်​ချုပ်​ကြီး နှင့်​ အတူတွဲ၍  တိုက်​ခဲ့ရ​သော ဝမ်​ခသစ်​ { ​ကော့မူးရာ } စခန်း  တိုက်​ပွဲ { ၁၉၈၉ }  အပိုင်း { ၁၇ } *****              ရန်​သူ့ သတ်​ကွင်းနှင့်​ နီးလာ​လေ လိုက်​ကျင်း  တူးရ ပိုခက်​​လေပါ​ပေ ၊ ​ကေအင်​န်​ယူ တို့ကလည်း  သူတို့ စခန်းဆီသို့  ကျင်းတူး ချဉ်းကပ်​ ​နေ​သော တွတ်​ပီ တို့ တ​တွေ ကို လက်​ပိုက်​ ကြည့်​​နေ ​လေသည်​  မဟုတ်​​တော့  ပစ်​ခတ်​မှု​တွေက  ပိုစိပ်​  လာသည်​ ၊ မှူးဗက စိုးတင့်​  ဦးစီး  ခွဲ  ၄  ကလည်း ဒုဗိုလ်​စိုးမိုးနိုင်​ ဦးစီး  တပ်​စုကို  ​ရှေ့တင်​ကာ  ဝမ်​ခသွား ကားလမ်း  ​တောင်​ဘက်​ခြမ်းမှ  ကားလမ်းနှင့်​ အပြိုင်​ လိုက်​ကျင်း တူး  ချဉ်းကပ်​​နေရာ  သူတို့ဘက်​က​တော့ ​မြေမာ  သဖြင့်​  တူးရ အလွန်​ခက်​​ကြောင်း သိရပါသည်​ ၊ တွတ်​ပီ တို့ဘက်​မှာက​တော့  အခက်​ခဲဆုံး ​နေရာ  တစ်​​နေရာသာ  ​တွေ့ခဲ့ရပါသည်​ ၊ ဝမ်​ခသွား  ကားလမ်းအား  ဖြတ်​၍ ​တောင်​ဘက်​သို့ ဆက်​တူးစဉ်​  ကားလမ်းအဖြတ်​​နေရာ...
ဝမ်​ခသစ်​(​ကော့မူးရာ)အပိုင်း-၁၆
*****  တပ်​ချုပ်​ကြီးနှင့်​ အတူ တွဲ၍ တိုက်​ခဲ့ ရ​သော ဝမ်​ခသစ်​ { ​ကော့မူးရာ }  စခန်းတိုက်​ပွဲ { ၁၉၈၉ }  အပိုင်း { ၁၆ }  *****               နည်းဗျူဟာ { ၃၃၁ } ၏  ပွိုင့်​ ၁၂၇၉ စခန်းမှာ { ၁ } ပါတ်​ခန့်​သာ ​နေလိုက်​ရပါသည်​ ၊ ဝမ်​ခသစ်​ ကို  တိုက်​ဖို့  ပြင်​ဆင်​ ရ​တော့ မည်​မို့ အခြား  တပ်​မှ  တပ်​စုကို  စခန်းလုံခြုံ​ရေး  ချိန်းခဲ့ရကာ  ​အောက်​သို့  ပြန်​ဆင်းခဲ့ရပါ​တော့သည်​ ၊ ခပ်​ဖလူး ​တောင်​​ခြေ​ရောက်​​တော့  တပ်​ခွဲမှူးထံ  ပြန်​သတင်း ပို့လိုက်​မှ တပ်​များ ၏ လက်​ရှိ အ​ခြေအ​နေ နှင့်​ ရည်​မှန်း ချက်​ တာဝန်​ များကို  အကြမ်းဖျဉ်း  နားလည်​  သ​ဘော​ပေါက်​  ရ​လေ သည်​ ၊              လက်​ရှိ ရန်​သူ နှင့်​  အနီးဆုံ့း ဗူးဝ ​နေရာ  ၏ ​မြောက်​ဘက်​ တွင်​  ခမရ { ၁၁၆ } တစ်​ရင်း လုံး   ဖြန့်​ခွဲ  ရင်​ဆိုင်​ထားပြီး  ၊  မိမိတို့  ခမရ  { ၁၁၁ } နှင့်​ ခလရ { ၄ } တို့  အ​နေဖြင့်​ ...
ဝမ်​ခသစ်​(​ကော့မူးရာ)အပိုင်း-၁၅
*****  တပ်​ချုပ်​ကြီးနှင့်​  အတူတွဲ၍  တိုက်​ခဲ့ရ​သော ဝမ်​ခသစ်​ { ​ကော့မူးရာ } စခန်း တိုက်​ပွဲ  { ၁၉၈၉ }  အပိုင်း { ၁၅ }  *****              ထို​နေ့က  စကကမှူး ဗိုလ်​ချုပ်​ ​မောင်​လှ ၏  အစည်းအ​ဝေး  အပြီး  တွတ်​ပီ တို့ တစ်​ရင်း လုံး  မဲပလဲမှ  သည်​  ဝမ်​ခ  ဆီသို့  ဦးတည်​ ချီတက်​ကြရ ပါ​လေသည်​  ၊ လမ်းမှာ ထီးချရား ရွာပျက်​ ၊ ထီးချရား ဘိုတဲ  တို့မှ  လွဲပြီး  ဘာရွာမှ မရှိကြ​တော့ ၊ ယခင်​ ၁၉၈၄  ခုက  ခလရ  ၇၆  နှင့်​ ​ရောက်​ခဲ့ဘူးစဉ်​  ထိုလမ်း​ကြောင်းမှာ  ​မှောင်​ခို သမားများ  အဓိက သုံးစွဲ​နေသည်​မို့  လမ်း​တွေက  အထင်းသား ၊ ယခု​တော့ စစ်​​ဘေး  စစ်​ဒဏ်​ သင့်​ယုံ  မက ၊ မိုးဦးလည်း ကျစ ပြု ​နေပြီ မို့  ရွံှ့ ​တွေ ဗွက်​​တွေ  နှင့်​  သွား​ရေး လာ​ရေးက  ခက်​ခဲ လှ​ပေစွ  ၊              တကယ်​​တော့  မဲပလဲနှင့်​  ဝမ်​ခသစ်​ အိုမီဂါ  ​ကွေ့မှာ...