***** တပ်ချုပ်ကြီး နှင့် အတူတွဲ၍ တိုက်ခဲ့ရသော ဝမ်ခသစ် { ကော့မူးရာ } စခန်း တိုက်ပွဲ { ၁၉၈၉ } အပိုင်း { ၁၉ } *****
ဒုတိယ မြောက် ညမှာတော့ ယူဆောင် ရမည့် ပစ္စည်း ထဲမှာ အမယ် တစ်မျိုး တိုးပါသည် ၊ ပထမ ညက ဘီး ဟိုက် ခွဲပြီးသား ကျင်းတွေထဲကမြေ သားတွေ အပေါ် ယက်တင်ဖို့ အတွက် ထမင်းစား ပန်းကန်ပြား တစ်ယောက် တစ်ချပ် စီ သယ် ဆောင် လာကြရခြင်းပါ ၊ ပန်းကန်ပြား တစ်ချပ်စီ ခါးနောက်မှာ ထိုး ၊ ထုံးစံ အတိုင်း ကျားသစ်ချောင်း တက်နည်း ဖြင့် ရန်သူ့ သတ်ကွင်း ထဲ စတင် တက်ခဲ့ကြတော့ ပုံမှန် အချိန် ည ဆယ်နာရီ ခွဲ ၊
မနေ့ညက တာဝန်ကျ ကျင်းအသီးသီး မှာပဲ ပြန် နေရာချကာ ကျင်းထဲက မြေစာတွေအပေါ် ယက်ထုတ်ဖို့ တစ်နာရီ ခန့် အချိန်ပေးရသည် ၊ တွတ်ပီ တို့ တူးပြီးသား လက်တနှိုက် ကျင်းထဲတွင် ယမ်းထည့် ၊ 3့ 5 ဒုံးသီး ထိပ်ဖူး ထည့်ပြီး မိုင်းခွဲ လိုက်သော အခါ အောက်ခြေ ၃ ပေ ခန့် ကျယ်ပြီး အပေါ်မှာ ၅ ပေခန့် ကျယ်ဝန်းသော ဇလားပုံ သဏ္ဏာန် ကျင်း ဖြစ်ပေါ်လာသည် ၊ သို့သော် ညီ ညီ ညာညာ တော့ မဟုတ် ၊ ကြုံရာ ပုံစံပေါ့ ၊ ယမ်းပေါက်ကွဲအား ကြောင့် ဖြစ်ပေါ်လာသော မြေစိုင်မြေခဲ များ မှာ အချို့ လွင့်စင် သွားပြီး အချို့က ကျင်းထဲ ပြန်ကျ ကြသည် ၊ ကျင်းထဲ ပြန်ကျရောက်နေသော ထို မြေသားများ ကို အပေါ်သို့ ပန်းကန်ပြား ဖြင့် ယက်တင်တာ ပြုပြင် ကြရခြင်း ဖြစ်ပါသည် ၊ သို့မှသာ စခန်း တိုက်သည့် အခါ အကာအကွယ် အဖြစ် အသင့်ဆင်းသက် နေရာယူနိင် ပေမည် ၊
ယမန်နေ့ည က တူးပြီး ကျင်းများ ပြုပြင်မှု ပြီးသည့်အခါ တောင်ဘက်သို့ ဝပ်တက်တက် သွားပြီး ပထမ ညကလိုပဲ တစ်ယောက် တစ်ကျင်း သတ်မှတ်ပေးကာ လက်တနှိုက်စီ ဂျိုင်းထိ ရောက်အောင် ပြန်တူးဆွ ပေါ့ ၊ သည်နေ့ည တော့ အရင် နေ့ည ကလောက် စိုးရိမ်ပူပန်စိတ် သိပ်မရှိတော့သလို သိပ်လည်း မတုန်လှုပ်တော့ ၊ အတွေ့အကြုံ က သင်ပေး သွားသည်လေ ၊ စခန်းတွင်းရှိ ရန်သူ ကလည်း သူပစ်ချင်ရာ ရမ်းသမ်း ပစ် ၊ ကိုယ်ကလည်း ဝပ်လိုက် တူး လိုက် နှင့် အချိန်တန်တော့ တာဝန်ကျေ ကျင်းတွေ ရပြီမို့ ခမရ ၁၁၆ ရှိရာပြန်ပေါင်း မိပြီး ၊ ဗိုလ်ကြီး မင်းအောင်လှိုင်နှင့် BE အရာရှိ ဗိုလ်ခင်မောင်လတ် တို့လည်း ရောက်ရှိ လာကာ အမြောက်တွေပစ် မိုင်းတွေ ခွဲပေါ့ ၊
ထိုနေ့မနက်က စခန်းချရာ နေရာ ပြန်ရောက်ပြီး အိပ်နေစဉ် ထူးဆန်းတာ တစ်ခု ကြုံရ၏ ၊ တွတ်ပီ စုရုံးက ခပ်ဖလူး တောင်ရှေ့ က ကွင်းပြန့် ထဲရှိ ခြ တောင်ပို့ အနီးမှာ ဖြန့်ခွဲ အခြေပြုနေခြင်း ဖြစ် သည် ၊ တွတ်ပီ က ပလပ်စတစ် မိုးကာတဲထဲ မှာ ပက်လက်လှန် အိပ်နေစဉ် တပည့်ကျော် ဖြစ်သူ တပ်သား အတာ { ယခု ခလရ ၅၀ တွင် တပ်ကြပ် ကြီး } က မနက်စာ အတွက် အသီးအရွက်များ ခူးသင်နေပါ၏ ၊ တောင်ပို့ အတွင်း ရှိနေသော အရှည် တစ်လံကျော်ခန့်ရှိ တောကြီး မြွေ ဟောက်ကြီး တစ်ကောင်သည် တွတ်ပီတို့ သူ့အနား လာစခန်းချနေသည် မှာ ကြာပြီ မို့ တွင်းထဲက မထွက်ရဲပဲ အစာ ရေစာ ငတ်နေသည်မှာ ကြာပြီ ထင့် ၊ နံနက် ၉ နာရီလောက် လူသံ အတိတ်မှာ သူလည်း တောင်ပို့မှ ခေါင်းအပြူလိုက် ၊ အနီးရှိ တပည့်ကျော် အတာကို ရုတ်တရက် တွေ့ပြီး ပြေးမိပြေးရာ ပြေး အထွက် ၊ အတာ၏ ``` ဗိုလ်ကြီး ´´´ ဆိုသော အလန့် တ ကြား အော်သံ အဆုံး တွတ်ပီ လန့်နိုး လိုက်တော့ မြွေကြီးက တွတ်ပီ ဝမ်းဗိုက် အလည်တည့်တည့် ပေါ်က ဖြတ်ပြေးနေပြီ ၊တွတ်ပီလည်း ရုတ်တရက် အထလိုက် မြွေကြီးက လည်း ကြောက်ကြောက်လန့်လန့် နှင့် တွတ်ပီ ဗိုက်ကို ခါးနှင့် ရိုက်ကာ ဦးတည့်ရာ ထွက်ပြေး သွားပါလေသည် ၊
မြွေ၏ အားသည် ခါးမှာ ရှိသည်ဟု တွတ်ပီ ကြားဘူးခဲ့သော စကားမှာ အတော် မှန်ပါပေသည် ၊ ဝမ်းဗိုက်တလျောက် အောင့်သွားအောင်ပင် သူ၏ ခါးဖြင့် အရိုက်ခံလိုက်ရပါ၏ ၊ ညနေပိုင်း တပ်ခွဲမှူး နှင့် စကားပြောဖြစ်ကြတော့ ထိုအကြောင်း ပြောမိရာ သူက ```` ကိုတွတ် အဲဒါ ** ရန် ကျော် တာ ** ခေါ်တယ် ၊ ခင်ဗျား ဒီစစ်ဆင်ရေးမှာ ကြိုက်သလောက်လုပ် ၊ ဘယ်တော့မှ အန္တရာယ် မဖြစ်နိုင်တော့ဘူး ´´´´ ဟု ဝမ်းသာ အားရ ဖြင့်ပြောပါသည် ၊ { ခိုင်းကောင်းအောင် မြှောက်ပြောတာလား တော့ မသိ } ၊ တွတ်ပီ တို့က တော့ ဘာခိုင်းခိုင်း ဘယ်တော့မှ မငြင်းခဲ့တာ တော့သူသိပါတယ် လေ ၊
တပ်ခွဲမှူး မှာ အလွန် စည်းစနစ် ကြီးသူ ဖြစ်ပသည် ၊ ညနေတိုင်း ထမင်းစားချိန် တွတ်ပီ နှင့်သူ စကားထိုင်ပြောလေ့ရှိ၏ ၊ { အရာရှိ ကလည်း ဒီ နှစ်ယောက်ပဲ ရှိတာကိုး } ၊ စကားပြောနေစဉ် ၆ လက္မ ခန့် အမြင့်ရှိ ပလပ်စတစ် အဖြူရောင် ဗူးလေး ထုတ်ကာ ထန်းလျက် အမြဲ ကျွေးလေ့ ရှိပါသည် ၊ ``` ရော့ ကိုတွတ်စား ၊ ကျွန်တော်ကတော့ ထမင်း စားပြီးတိုင်း အမြဲ တစ်လုံးစားတယ် ´´´´ ဟု ဆိုလာသောအခါ သူ၏ လွန်စွာ တန်ဘိုးထားလှပါသော ထိုဗူးထဲက ထန်းလျက်ကို တွတ်ပီအဘယ်မှာ စားရက်ပါအံ့နည်း ၊ ```` ကျွန်တော်ကဆေးလိပ်သမား မို့ ခံတွင်းချဉ်တတ်လို့ မစားပါဘူး အကိုကြီး ရာ ´´´´ ဆိုကာ တွတ်ပီလည်း ငြင်းခဲ့ရသည်ပေါ့ ၊ လူကြီးစာ ဆိုတော့ ကိုယ်လည်း အလိုက် သိရသည် ပ ၊
သူပြောသလို အန္တရာယ် ကျော်သွားသည် ဆိုတာကတော့ ဖြစ်နိုင်လောက်ပါပေသည် ၊ ထိုည တတိယ မြောက် သတ်ကွင်းထဲ အရောက်မှာ ```` သံချောင်းတို့ အဖေ ကံကောင်းလို့ မသေ´´´´ ဖြစ်ခဲ့ရသည်က ကိုယ်တွေ့ လေ ၊ ထိုညက ခွဲတမ်း တစ်ယောက် တစ်ကျင်းစီ တူးနေစဉ် ညသန်းကောင် ကျော် လောက်မှာ စခန်းထဲက လေထီးမီးကျည် ပစ်ကာ လက်နက်ငယ်တွေ ၆၀ မမ စိန်ပြောင်း တွေ နှင့်ပါ ဝိုင်း သမ ပါ လေ၏ ၊ ရန်သူကလည်း မနက်လင်းလျှင် သူတို့သတ်ကွင်းထဲက မြေစာ နီနီ ရဲရဲ တွေ နေ့စဉ် မြင်တွေ့နေရသည်မို့ ကြာတော့ သတ်ကွင်းထဲ တွတ်ပီတို့ကျင်းဝင်တူး နေတာ ရိပ်စား မိနေလောက်ပြီ ထင်ပါသည် ၊တက်လာသော လေထီး မီးကျည်ကို ခမရ ၁၁၆ က အဖွဲ့တွေ ဝိုင်းပစ်ကြသော်လည်း လေထီးက မြေပြင်ပေါ် တော်တော် နှင့် မကျ ၊ ပြားကပ်အောင် ဝပ်နေသော တွတ်ပီ နဘေး ``` ရှစ် ´´´ ကနဲ တိုတို ပြတ်ပြတ် လေထုခွဲသံ နှင့်အတူ ၆၀ မမဗုံးသီး တစ်လုံး ကျလာပါ၏ ၊ ဘယ်လောက်နီးကပ် သလည်း ဟုတော့ မမေးပါနှင့် ၊ ဗုံးသီး ဒလက် အပူရှိန် ကြောင့် တွတ်ပီ ညာဘက် လက်မောင်းပင် အပူ လောင်ကာ အညို အမည်း စွဲသွား ၏ ၊ သို့ရာတွင် ကံ ကောင်း ထောက်မ စွာ ထို ဗုံးသီးမှာ မပေါက် ကွဲခဲ့ပါ ၊ ကွဲများ ကွဲ ခဲ့လို့ကတော့ တွတ်ပီ တစ်ယောက် အရိုးတခြား အသားတခြားစီ ဖြစ်သွားမှာ အမှန် ၊ ကံ ကြီးလွန်းပေစွ ဟူ၍ သာ ၊
ပဉ္စမ မြောက် ညမှာတော့ တစ်မျိုးကြုံ၏ ၊ ရဲဘော်များ ကိုယ်စီ ကျင်း နေရာ သတ်မှတ်လိုက်ပြပြီး အလျှားမှောက် တွား ပြန်လာစဉ် ညဘက် လက်က ခပ်ပြော့ ပြော့ တစ်စုံတစ်ခုထဲ ထောက်မိ လျက်သား ဖြစ်သွား ၏ ၊ ရုတ်တရက် နှာခေါင်း တဝိုက်မှာလည်း ဆိုးရွားလှ သည့် အပုပ်နံ့က ထောင်း ကနဲ ၊ သည်တော့မှ သိလိုက်ပါသည် ၊ ယခင်မေလ က စခန်းတက်တိုက်ရင်း ကျဆုံးခဲ့သည့် စစ်သည် အလောင်း တစ်လောင်းပါပင် ၊ အလောင်းမှာ နေဒဏ် လေဒဏ် တို့ကြောင့် အသားများ မြေသို့ ကျနေသည့် အချိန် ဖြစ်ပါလိမ့်မည် ၊ တံတောင်ဆစ် တဝိုက်နှင့် လက်ဖျံ တလျောက် ထို အရိအရွဲများက ကပ်လျှက်ပါလာ ခဲ့သဖြင့် ဘယ်လိုလုပ်လုပ် အနံ့က မပျောက် ၊ ဘေးမှာ တွေ့ရသော တောဆောင်း ဦးထုပ် ကလေး ဆွဲယူလာကာ တာဝန်ကျ နေရာ ပြန်တက်လာခဲ့သည် ၊ အပုပ်တကာ့ အပုပ် ထဲတွင် လူသေ အပုပ်နံ့ လောက် ဆိုးတာ တော့ တွတ်ပီ တစ်သက် မတွေ့ဘူးသေး ၊ ထိုညက ရန်သူ့ လေထီး မီးကျည် အပစ်မှာ စောစောက ယူလာခဲ့သော တောဆောင်းဦးထုပ်လေး မီးကျည် အလင်း ရောင်ဖြင့် သေခြာ ဖြန့်ကြည့်မိတော့ ညာကပ်ကာ ချုပ်ထားသော တြိဂံ ပုံ တံဆိပ် လေးထဲ မှာ ၇၆ ဆိုသော စာလုံးလေးက အထင်းသား ၊ မိခင်တပ်က ရဲဘော် တစ်ယောက်ဖြစ်ပါလိမ့်မည် ၊ ထိုတိုက်ပွဲတွင် ကျဆုံးခဲ့သူ ခွဲမှူး { ဗိုလ်မှူး } တောင် အလောင်း ပြန်မရ ဆိုတော့ ၊ ကောင်းရာ သုဂတိ လားပါစေ ဆုတောင်း ပေးရုံမှ တပါး တွတ်ပီ လည်း မတတ်နိုင်ပါချေ တကား ၊
ထိုနေ့ မနက်က စခန်းချရာ ပြန်ရောက်တော့ ချက်ချင်း မအိပ်နိုင် ၊ တပည့်ကျော် အတာကို ခေါ်ကာ မလှမ်းမကမ်းက ရေချောင်းဆီသွား ၍ သူ့ကို ဆပ်ပြာ တိုက်ခိုင်းပြီး ရေချိုးရပါလေ ၏ ၊ ဆပ်ပြာ ဘယ်လောက် တိုက်တိုက် ပြောင်သည်မထင် ၊ အနံ့က စွဲကာ နေသည် ၊ ကျီးစားစား ခွေး ထိုးထိုး စွန့်ပစ် ခံကြရရှာသော စစ်သားဘဝ တွေပါ ၊ ဘယ်လို သေ၍ ဘယ်နေရာ စွန့်ပစ် ခံရမည်မှန်း မသိသော တွတ်ပီတို့ စစ်သား အဖြစ်တွေကို ကိုယ်ချင်းစာ နာတတ်ကြပါ စေ လို့သာ ဆန္ဒ ပြုမိသည်မှ တပါး အခြား တောင်းဆိုစရာ စကားလည်း မရှိ တော့ ပါချေ ပြီ ၊
သတ်ကွင်း အတွင်းသို့ { ၇ } ညမြောက် ဝင်ရောက် ကျင်းတူး ဖောက်ခွဲ ပြီးသည့်အခါ တွတ်ပီ တို့ အဖွဲ့ တာဝန်တွေလည်း အောင်မြင် ပြီးမြောက် ခဲ့ရပါလေသည် ၊ ကံကောင်း ထောက်မ သဖြင့် တွတ်ပီ အပါအဝင် စစ်သည် အားလုံး အထိအခိုက် မရှိခဲ့ပါ ၊ တပ်ခွဲမှူး ၏ ပြောပြချက်အရ ဘီးဟိုက်ကျင်းများ အားလုံး တူးပြီး ပြီ ဖြစ်၍ နောက်ထပ် { ၂ } ရက် အနားယူ ရမည် ဖြစ်ပြီး ၃ ရက်မြောက်နေ့တွင် ဝမ်ခသစ် စခန်းသိမ်း ထိုးစစ်ကြီးကို စတင်တော့ မည် ဖြစ်ကြောင်း သိရပါသည် ၊ ထို ၂ ရက်အတွင်း တိုက်ပွဲဝင် အသင့် ဖြစ်စေရေး အတွက် ကိုယ်စီ လက်နက် ခဲယမ်း များ တိုက်ချွတ်ကာ အနား ယူ အားမွေး ကြပါဦးမည် ။
*** ဤနေရာတွင် တွတ်ပီဖြည့်စွက်ဖော်ပြစရာ အချက်တစ်ချက် ပေါ်လာပါသည် ၊ တွတ်ပီ၏ ဝမ်ခသစ် တိုက်ပွဲ ဖတ်ရင်း ဝင်ရေးလာသော ကွန်မင့် များ အရ တွတ်ပီ တို့လိုပင် မှူးဗက စိုးတင့်တို့ တပ်ခွဲမှလည်း လက်ရွေးစင် ထုတ်နှုတ်ကာ သတ်ကွင်း အတွင်း၊ ကားလမ်းတောင်ဘက်ခြမ်းမှ ဝင်ရောက် ကျင်းတူး မိုင်းခွဲ ခဲ့ရကြောင်း ဖော်ပြ ခဲ့ကြခြင်းပါ ၊ ထိုစဉ်က ဦးဆောင်ခဲ့သူ ဒုဗိုလ် စိုးမိုးနိုင် { ယခု ဗိုလ်မှူး ရထပ ၁ } နှင့် ဒုတက စောသီဟ { ယခု ခရိုင်မှူး ပူတာအို } တို့အား ဖြစ်စဉ် ပါဝင် ရေးသား မှု အတွက် ကျေးဇူး တင်ရှိပါကြောင်း ဖြည့်စွက် ဖော်ပြလိုပါသည် ၊ ကဲ မနက်ဖန် တော့စခန်း တိုက်ကြတာ ပေါ့ဗျာ ၊ အမြောက်တွေလည်း အသင့် ဖြစ်နေ ကြ ပြီ တဲ့ ***
ချစ် ကြည် စွာ ဖြင့်
** ယုံ လေး **
@@@@@@@@@@@@@@@@@@

Comments
Post a Comment