Skip to main content
ဝမ်​ခသစ်​(​ကော့မူးရာ)အပိုင်း-၁၃
*****  တပ်​ချုပ်​ကြီးနှင့်​ အတူ တွဲ၍ တိုက်​ခဲ့ရ​သော ဝမ်​ခသစ်​ { ​ကော့မူးရာ }  စခန်း တိုက်​ပွဲ { ၁၉၈၉ } အပိုင်း { ၁၃ }  *****
             မဲလ စခန်းသိမ်း စစ်​ဆင်​​ရေးမှ  အပြန်​ တပ်​ရင်း  အ​ရောက်​တွင်​  အ​ပြောင်းအလဲ များ စွာ ဖြစ်​ ​ပေါ်ခဲ့ပါသည်​ ၊ ရန်​သူ့  အခိုင်​အမာ မဲလ ပင်​မစခန်း ကြီးကို  ရဲဝန့်​စွန့်​စား စွာ  ဦး​ဆောင်​ တိုက်​ခိုက်​ သိမ်းပိုက်​ နိုင်​ခဲ့​သော  တပ်​ရင်းမှူးကြီး  ဒုမှူးကြီး ချစ်​​အောင်​မှာ  ရာထူး တိုးမြှင့်​​ပေးရန်​  အသက်​အရွယ်​အရ မဖြစ်​ နိုင်​​တော့ သဖြင့်​  သူ့ကို ​နေရာ​ကောင်း တစ်​ခု ဖြစ်​​သော  လက်​​ထောက်​ စစ်​​ထောက်​ချုပ်​  ရာထူး ​ပေးကာ  ကက​ထောက်​  သို့ ​ပြောင်း​ရွေ့​ပေးခဲ့ပြီး  သူ့အ စား  ယာယီ တပ်​ရင်းမှူး အဖြစ်​ ဗိုလ်​မှူး​ကျော်​​ရွှေ { ​နောင်​ ကုန်​သွယ်​​ရေး ဒုဝန်​ကြီး } အား ​ပြောင်း​ရွေ့ ခန့်​အပ်​ ​ပေးခဲ့ပါသည်​ ၊ တပ်​ရင်းမှူး အသစ်​ မှူး​ကျော်​​ရွှေ မှာ  ခမရ ၂၀  ဒုတပ်​ရင်း မှူး  အဆင့်​မှ ရာထူး  တိုးမြှင့်​ ​ပြောင်း​ရွေ့  လာရခြင်းဖြစ်​ပါသည်​ ၊
             မဲလ တိုက်​ပွဲဝင်​  တပ်​ခွဲမှူး  ၅  ဦးအနက်​ တစ်​ဦးကျဆုံး ၊ ၃ ဦး ဒဏ်​ရာရှိ ခဲ့ပြီး ​ဆေးကုသမှု ခံ​နေဆဲ  ဖြစ်​သည့်​ အတွက်​  လိုအပ်​​နေ​သော အရာရှိ များ  ကိုလည်း  အစားထိုး ဖြည့်​ဆည်း ​ပေးခဲ့ရာ ယာယီ တပ်​ခွဲမှူး { ဗိုလ်​မှူး } အသစ်​  { ၃ } ဦး ​ရောက်​ရှိ  လာခဲ့ပါသည်​ ၊  ထိုအ​တောအတွင်း  ပိုင်​ရာဆိုင်​ရာ  ရှိကြကုန်​​သော  အရာရှိငယ်​  တချို့လည်း နီးစပ်​ရာ  အကူအညီ ​တောင်း၍  တပ်​​ပြောင်း​ရွှေ့ သွားကြပါ​လေ ၏ ၊ ​နောက်​တစ်​ပါတ်​က  ဝမ်​ခသစ်​  တိုက်​ရမည်​  ဆို​တော့  သူတို့ မိဘများလည်း  သား အတွက်​ စိုးရိမ်​ ရှာကြ ​ပေမ​ပေါ့ ​လေ ၊
             တွတ်​ပီ  တို့က​တော့  ဘယ်​သူ့အကူ အညီမှ  မရယူခဲ့သလို  ဘယ်​တပ်​မှလည်း  မ​ပြောင်းပါ ၊ စစ်​သား  စစ်​တိုက်​ဖို့သာ  မူလတာဝန်​ဟု ခံယူထားသူ  ပီပီ  အိမ်​သူ  မ​သေးမျှင်​  မုဆိုးမ ဖြစ်​ချင်​သာ ဖြစ်​ ​ပေ​ရော့ ၊ ဘယ်​ စစ်​ဆင်​​ရေးကိုမှ  မ​ရှောင်​ ခဲ့ပါ ၊ ကိုး​တောင်​ဘို့ ​ဗေဒင်​  ဆရာကလည်း  ​ဟောထား မဟုတ်​လား ၊ ဥပ​စ္ဒေ  ကံဖြင့်​  မ​သေနိုင်​  ဟူ ၍ ၊ ကံကို ယုံ၍  ဆူးပုံ နင်းခြင်း  မဟုတ်​​သော်​လည်း  ကိုယ့်​တိုက်​ပွဲ  အ​တွေ့အကြုံ နှင့်​  လုပ်​ရည်​ ကိုင်​ရည်​ကို တွတ်​ပီ ကိုယ်​တိုင်​  ယုံပါသည်​ ၊ လူဆိုတာ ​သေကံ ပါမှ ​သေကြတာပါ ၊ ​ရှေ့တန်း လိုက်​ရမှာ ​ကြောက်​လို့ စစ်​မတိုက်​ရတဲ့  အ​မြောက်​တပ်​လို  ​နေရာမျိုး အကြံအဖန်​  လုပ်​​ပြောင်း သွားတာ​တောင်​  ဟို​ရောက်​မှ ကား​မှောက်​  ​သေချင်​  ​သေ​သေးတာ ၊ { အ​မြောက်​တပ်​ကို  စစ်​မတိုက်​ရ ဟု နှိမ့်​ချ လိုခြင်း မဟုတ်​ပါ ၊ မဲလ နှင့်​ ဝမ်​ခ  စခန်း တိုက်​ပွဲများတွင်​  အ​မြောက်​အကဲကြည့်​များ ၊ အနီးကပ်​ ပစ်​ကူ​ပေး တပ်​ဖွဲ့များ ၊​ခြေလျင်​ တပ်​နှင့်​အတူ  ​ရှေ့တန်းကျကျ  လိုက်​ပါ တာဝန်​ ထမ်း​ဆောင်​ကြရ​ကြောင်း  မျက်​မြင်​ ကိုယ်​​တွေ့ ဖြစ်​​သော ​ကြောင့်​  ပါ​ပေ }  ၊
             တပ်​​ထောက်​ဗိုလ်​ကြီး တာဝန်​ထမ်း​ဆောင်​​နေသူ  ဗိုလ်​ကြီး မင်း​အောင်​လှိုင်​မှာလည်း ရိပ်​သာ တွင်​  မ​နေ​တော့ပဲ တွတ်​ပီအိမ်​​​ရှေ့  ရှိ Vip ရိပ်​သာ လုပ်​ထား​သော  အရာရှိ ငယ်​ ​နေအိမ်​သို့ ​ပြောင်း​ရွှေ့ ​နေထိုင်​ပါသည်​ ၊ သူ့ဇနီးကမူ တက္ကသိုလ်​ တစ်​ခု  တွင်​  ဆရာမ  လုပ်​​နေသဖြင့်​  သူနှင့်​အတူ လိုက်​ပါ ​နေထိုင်​ခြင်း  မရှိပါ ၊ က​လေးများ နှင့်​အတူ တပ်​သို့  တစ်​ကြိမ်​ လိုက်​လာဖူး သဖြင့်​ တွတ်​ပီ လည်း တစ်​ခါသာ  မြင်​ဖူး  ပါသည်​  ၊
             ထိုအချိန်​ ကထဲက ဗိုလ်​ကြီးမင်း​အောင်​လှိုင်​မှာ  အ​နေအထိုင်​  အ​တော်​​အေးပါသည်​ ၊ သူ့မှာ အကူရဲ​ဘော်​လည်း  မရှိ ၊ နံနက်​​စော စာကို သူ့ဖာသာ  ​စော​စောထ ပြီး ထမင်း​ကြော်​  လဘက်​ရည်​​ဖျော်​  ​သောက်​ ၊ ရုံးသွား ၊ ​နေ့လယ်​ ပြန်​လာ  ကြက်​ဥက​လေး​ကိုယ်​တိုင်​ ​ကြော်​  ထမင်းစား ၊ တခါတရံ​တော့  ရိပ်​သာ တာဝန်​ ယူထား​သော ဒုတက ​မောင်​တွတ်​  လာ​ရောက်​  ချက်​ပြုတ်​  ကူညီ ​ပေးသည်​ကို   မြင်​​တွေ့ရသည်​မှ  အပ  အများအားဖြင့်​ သူ့ဖာသာပင်​  ချက်​ပြုတ်​​နေသည်​ ကို ​တွေ့ရပါသည်​ ၊ တွတ်​ပီ အိမ်​ နှင့်​က  မျက်​နှာချင်းဆိုင်​ ၊ လမ်းက​လေးသာ ခြား  ​နေ​သော်​လည်း  ကိုယ်​တိုင်​က  ဟင်း​ကောင်း မစား  နိုင်​သဖြင့်​  သူ့ကိုလည်း  တွတ်​ပီ ဟင်း တစ်​ခွက်​  မပို့ ခဲ့ဘူး ပါ​ချေ  ၊
             အရင်​  တပ်​ရင်းမှူး အ​ဟောင်း ​ပြောင်း​တော့  ကက​ထောက်​  ကို ဗိုလ်​ကြီး မင်း​အောင်​လှိုင်​က  လိုက်​ပါ ပို့​ဆောင်​ ​ပေးရပါသည်​ ၊ ထို အ​တောအတွင်း   တပ်​ရှိ  အရာရှိ များ  တပ်​ခွဲ အလိုက်​ ​နေရာချထားမှုများ  တပ်​ရင်းမှူး အသစ်​က  ပြန်​လည်​ ပြုလုပ်​ကြ​တော့  တပ်​​ရေးဗိုလ်​ကြီး  ကိုင်​​နေသူ  ဗိုလ်​ကြီးချစ်​ကို   အား  တပ်​​ထောက်​ ဗိုလ်​ကြီး အဖြစ်​ ​နေရာ​ပြောင်းလဲ ချထား  ခဲ့ပါသည်​ ၊ တပ်​​ရေး ဗိုလ်​ကြီး​နေရာကို  ဝန်းသို မဝတ  ကိုင်​​နေ​သော ဗိုလ်​ကြီးစန်းဝင်းလှိုင်​ OTS 62   အား ပူးတွဲ တာဝန်​ယူ​စေပါသည်​ ၊
             ထို အ​တောအတွင်း မဲလ စခန်းသိမ်း တိုက်​ပွဲ တွင်​  ထိခိုက်​ကျဆုံး များခဲ့​သော်​လည်း ​အောင်​ပွဲရယူ နိုင်​ခဲ့​သော  ခမရ  ၁၁၁  မှ စစ်​သည်​များအား ဂုဏ်​ပြု သည့်​ အ​နေဖြင့်​  ၊  နမခ တိုင်းမှူး ဗိုလ်​ချုပ်​ ထွန်းကြည်​  က  မန္တ​လေး  ​မြေကွက်​သစ်​များ ​နေရာ ချထား ​ပေးခဲ့ပါသည်​ ၊ ကျဆုံး  အရာရှိ နှင့်​ စစ်​သည်​များ  အားလုံး ​မြေကွက်​  တစ်​ကွက်​စီ ​နေရာချထား ​ပေးခဲ့ခြင်း  ဖြစ်​ပါသည်​ ၊ မြို့သစ်​ တိုးချဲ့ တည်​​ဆောက်​ဆဲ ကာလ ဖြစ်​သဖြင့်​  ​မြေကွက်​ တန်​ဘိုးများမှာ  ​သောင်းဂဏာန်း  အ​တော်​ကြီး ကြီး တန်​ပါသည်​၊ ထို​မြေကွက်​များ နှင့်​ ပတ်​သက်​၍လည်း  တာဝန်​ရှိသူ အချို့  မမှန်​မကန်​  လုပ်​ရပ်​များ  ဖန်​တည်း၍ ကိုယ်​ကျိုး စီးပွား  ရှာသွားခဲ့ကြပါသည်​ ၊ လွန်​​လေပြီး​သော ဖြစ်​ရပ်​များမို့  တွတ်​ပီ ​နောက်​​ကြောင်း  မလှန်​လိုပြီ ၊ ထိုသူများ  အနက်​  တချို့လည်း  ကာလ ဝိဘက်​ ​နောက်​ပိုးတက်​ကာ   ဘဝ မကူးပဲ  ယခုဘဝ မှာပင်​ ဆိုးကျိုး  များ  ​တွေ့ကြုံ ခံစားရပြီး  ဖြစ်​ပါသည်​ ၊
             ရန်​ကုန်​မှ ဗိုလ်​ကြီးမင်း​အောင်​လှိုင်​ ပြန်​​ရောက်​​တော့  တွတ်​ပီရှိရာ  တပ်​ခွဲ { ၃ } မှာ တပ်​ခွဲမှူး လာကိုင်​ရပါသည်​ ၊ တစ်​ဦးတည်း​သော တပ်​စုမှူး ဖြစ်​သည့်​အပြင်​  တပ်​ခွဲမှာ  အ​နေကြာ ပြီဖြစ်​သည့်​ တွတ်​ပီ ကိုပဲ တပ်​ခွဲကိစ္စ  အဝဝ  လွှဲထားပါသည်​ ၊ တွတ်​ပီ မှာလည်း  အ​နေကြာ  လာပြီး ၊ စစ်​သည်​တစ်​ဦးချင်း၏  အူမ  ​ချေးခါး မကျန်​  အ​ကြောင်းသိ နားလည်​ထားပြီး ဖြစ်​သည့်​  တပ်​ခွဲ ဖြစ်​​နေသဖြင့်​  များစွာ အခက်​အခဲ  မရှိလှပါ ၊ တွတ်​ပီ  အခက်​အခဲ ရှိလာ၍ တင်​ပြလျှင်​လည်း  တပ်​ခွဲမှူးက  အချိန်​မဆိုင်းပဲ အလျင်​အမြန်​  ​ဖြေရှင်း​ပေး​လေ့ရှိပါသည်​ ၊
             တပ်​ခွဲမှူး၏ အကျင့်​​ကောင်း တစ်​ခုမှာ အပြန်​ အလှန်​ ရို​သေစွာဆက်​ဆံတတ်​ခြင်းပင်​ ဖြစ်​ပါသည်​ ၊ အလုပ်​သင်​မှ ဆင်းလာသူများ ၊ သူ့လို စစ်​တက္က သိုလ်​မှ ဆင်းလာသည့်​  သူ့ထက်​ ဂျူနီယာ အရာရှိ များကို  ```  မင်း  နှင့်​  ငါ  ´´´   ​ပြော​ဆို ဆက်​ဆံ​သော်​လည်း  တွတ်​ပီ တို့လို  အခြားအဆင့်​မှ အရာရှိ   ဖြစ်​လာသူ  များကို ​တော့  ```  ခင်​ဗျား   ကျွန်​​တော်​ ´´´   စသည်​ဖြင့်​  ​​ခေါ်​ပြော သုံးနှုန်းပါသည်​ ၊ တွတ်​ပီကိုလည်း  ​ရှေ့မှ  ```  ကို ´´´  တပ်​  ​ခေါ်ကာယဉ်​​ကျေးစွာ  ဆက်​ဆံပါသည်​ ၊ တကယ်​ဆိုလျင်​ ၁၉၇၇ ခုနှစ်​  ဒီဇင်​ဘာလ မှာ စစ်​တက္ကသိုလ်​ ​ကျောင်းဆင်းခဲ့​သော  ပြန်​တမ်းဝင်​  အရာရှိ တစ်​ဦးအ​နေဖြင့်​ ၊ ၁၉၇၈  ခုနှစ်​ ဇန်​နဝါရီလမှ  အ​ခြေခံ တပ်​သားသစ်​ ​ကျောင်းဆင်းခဲ့​သော  တွတ်​ပီ  တို့ကို ထိုမျှ အ​လေးထား  ရန်​  မလိုအပ်​လှပါ ၊ ၁၉၈၇  မှ အရာရှိဖြစ်​ရ​သော  တွတ်​ပီ နှင့်​ပင်​  အရာရှိသက်​ { ၁၀ } နှစ်​ နီးပါး  ကွာခြား  ​နေပါသည်​  ၊
             စစ်​ဆင်​​ရေး  အတွက်​ လိုအပ်​သည်​များပြင်​ဆင်​ရင်း  အချိန်​က  ကုန်​လွယ်​လှပါသည်​ ၊ စစ်​ဆင်​​ရေး  မထွက်​မီ  ရက်​သတ္တ { ၁ } ပါတ်​ခန့်​ အလိုတွင်​ တပ်​ခွဲမှူးက  တွတ်​ပီအား  တပ်​ခွဲ အုပ်​ချုပ်​မှုကိစ္စ အဝဝ  လွှဲအပ်​ခါ  ရန်​ကုန်​သို့  ကြိုတင်​ ထွက်​ခွာသွားပါသည်​ ၊ တပ်​အတွက်​  လိုအပ်​​သော  စစ်​ဆင်​​ရေး ခဲယမ်းများ ထုတ်​ယူရန်​  ဖြစ်​ပါသည်​ ၊ တွတ်​ပီ ကိုလည်း  အ​သေအခြာ  မှာကြား သွားပါသည်​ ၊ ```  တပ်​ခွဲအား ​သေခြာစွာ ဖွဲ့စည်း  ခဲ့ရန်​နှင့်​  စစ်​ဆင်​​ရေး ထွက်​သည့်​ အခါ  သူ့အတွက်​  လက်​နက်​ခဲယမ်းများ ထုတ်​ယူ ခဲ့ရန်​  ´´´  ပါ  ၊ သူက​တော့  ပဲခူးဘူတာသို့ တွတ်​ပီ တို့  နှင့်​လာ​ရောက်​ပူး​ပေါင်းမည်​ ဖြစ်​ပါသည်​ ၊
             သို့နှင့်​ ၁၉၈၉ ခုနှစ်​ ​မေလကုန်​မှာ တွတ်​ပီတို့  တစ်​ရင်းလုံး  ​ရှေ့တန်း စစ်​ဆင်​​ရေး ထွက်​ကြပါ​လေ၏ ၊ ဒုရင်းမှူးမှာ  တပ်​ရင်းမှူး နှင့်​အပါတ်​စဉ်​တူ      ဖြစ်​​သော  မဲလတိုက်​ပွဲတွင်​  ဦး​ခေါင်းထိမှန်​ဒဏ်​ရာရခဲ့သည့်​  ဗိုလ်​မှူးသန်းဦးပါ​ပေ ၊ {  သူက​တော့ ဝမ်​ခသစ်​  မတိုက်​မီ မှာပင်​  ခလရ  ၄၄  သို့ ယာယီ တပ်​ရင်းမှူး အဆင့်​တိုးကာ  ​ပြောင်း​ရွှေ့သွားခဲ့ပြီး ၊သူ့ဇနီးမှာ ဗိုလ်​ချုပ်​မှူးကြီး  ​စော​မောင်​  တူမ ​တော်​စပ်​​ကြောင်း  ကြားဖူးပြီး   အကစ  ညွှန်​မှူးမှ  အနားယူ သွားပါပြီ  }  ၊
             ထိုစစ်​ဆင်​​ရေးက  တပ်​ခွဲမှူး များမှာ တပ်​ခွဲ { ၁ } မှူးဗက ​မောင်​​မောင်​ { ​နောင်​ ပြည်​နယ်​တိုင်း ​ထွေအုပ်​မင်းကြီး } ၊ တပ်​ခွဲ { ၂ } ဗက မျိုးညွန့်​ { ​နောင်​  လပခ A 1 } ၊ တပ်​ခွဲ { ၃ } ဗက မင်း​အောင်​လှိုင်​၊ တပ်​ခွဲ { ၄ } မှူးဗက စိုးတင့်​ { ​နောင်​  ခလရ ၁၅ / ၈၉   ရင်းမှူး } ၊ တပ်​ခွဲ { ၅ }  မှူးဗက စိုးဝင်း { ​နောင်​  လားရှိုး / မူဆယ်​ ခယက } တို့ ဖြစ်​ကြပါသည်​ ၊ ဗိုလ်​မှူး သန်းဦး  ​ပြောင်းသွား​တော့  သူ့အစား ဒုရင်းမှူး  အဖြစ်​  မှူး​ကျော်​ဆန်း { ကယား } ​ရောက်​ရှိ လာ​ကြောင်း  တွတ်​ပီ  ပြန်​​ပြောင်း မှတ်​မိပါသည်​ ၊
             စစ်​ဆင်​​ရေး ထွက်​​တော့  တွတ်​ပီက  ခွဲ ၃  ကို  ​ခေတ္တ တပ်​ခွဲမှူး  ကိုင်​ကာ  လိုက်​ပါခဲ့ရပါသည်​ ၊ ပဲခူး ဘူတာ  ​ရောက်​​တော့မှ ဗက မင်း​အောင်​လှိုင်​ ရထား ​ပေါ် တက်​လိုက်​လာကာ  တပ်​ခွဲမှူး တာဝန်​များ တွတ်​ပီ ထံက  လွှဲယူရပါသည်​ ၊ တပ်​ခွဲ ကြိုတင်​​ငွေများ  ၊ ​ရှေ့တန်းသုံး ​ဆေးများ  စသည်​ဖြင့်​ လွှဲ​ပြောင်း​ပေး ပြီး  သူ့အတွက်​ ထုတ်​ယူလာ​သော  ၉ မမ ပစ္စ တို  နှင့်​  ကျည်​များပါ လွှဲ​ပြောင်း​ပေး​တော့  သူက ​တွတ်​ပီ  ကို ​ပြောပါ​သည်​ ၊  ````   ကိုတွတ်​ကလည်း ကျွန်​​တော့  အတွက်​  ကာဘိုင်​​တော့  မထုတ်​ခဲ့ပဲနဲ့ ၊ စခန်း  တိုက်​ရမှာပါ  ဆို ´´´´   တဲ့ ၊  ````   တပ်​စုမှူး ဖိုက်​တာ  တွတ်​ပီ  တစ်​​ယောက်​လုံး  ပါ​နေမှ​တော့ အကိုကြီး  ကာဘိုင်​  ကိုင်​ဖို့  မလို​တော့ ဘူး​လေ ´´´ ဆို​သော  တွတ်​ပီ  စကားကြား​တော့  သူ့မှာ သ​ဘော ကျ  မဆုံး ၊ ````   ကိုတွတ်​က​တော့  တကယ်​ ​ပြော တတ်​တယ်​  ၊ အားကိုးပါတယ်​  ကိုတွတ်​ရယ်​  ´´´´   တဲ့  ။
             ***    ဝမ်​ခ  စစ်​​မြေပြင်​  အ​တွေ့အကြုံ ​လေး ​တွေ  ​တော့  ​ရှေ့အပိုင်း ​တွေ  ပါလာမှာ​ပေါ့ဗျာ ၊ တချို့ကလည်း  တွတ်​ပီရဲ့ မဝတ  အ​တွေ့အကြုံ ​လေး​တွေ  ဖတ်​မဝ​  ​သေးလို့  ​တောင်းဆို​နေကြ​ပေမယ့်​   တပ်​ထားတဲ့ ​ခေါင်းစဉ်​  အားနာလို့ ချုံ့ ​ရေး​ပေးလိုက်​ရတာ  နားလည်​ ခွင့်​လွတ်​  ကြပါလို့  ***
                    ချစ်​  ကြည်​  စွာ  ဖြင့်
                        **  ယုံ  ​လေး  **
@@@@@@@@@@@@@@@@@@
Comments
Popular posts from this blog
ဝမ်​ခသစ်​(​မော့မှုးရာ)အပိုင်း-၂၁
*****  တပ်​ချုပ်​ကြီးနှင့်​ အတူတွဲ၍  တိုက်​ခဲ့ရ​သော ဝမ်​ခသစ်​ { ​ကော့မူးရာ } စခန်းတိုက်​ပွဲ  { ၁၉၈၉ } အပိုင်း { ၂၁ }  *****              စခန်းတိုက်​ရမည့်​ ​နေ့  မနက်​ပိုင်းမှာ တူးထား​သော  ဆက်​သွယ်​​ရေး​မြောင်း ထိပ်​အထိ သွား​ရောက်​ကာ  တပ်​ခွဲမှူး နှင့်​  အတူ ရန်​သူ့စခန်း ဗူးဝ ကို  စစ်​သုံး မှန်​​ပြောင်း ကိုယ်​စီဖြင့်​  အနီးကပ်​  ​လေ့လာကြည့်​ရှုရင်း  စစ်​​ရေးသုံးသပ်​  ကြရပါ​လေ၏ ၊ ရန်​သူ့ဝမ်​ခသစ်​ စခန်း၏ ဗူးဝ  အကျယ်​မှာ ကိုက်​  ၂၀၀ ခန့်​ ကျယ်​ပြန့်​ပြီး ကာရံထား​သော သံဆူးကြိုးများကိုလည်း  ထင်​ရှားစွာ ​တွေ့မြင်​ ​နေရပါသည်​ ၊ ကာရံထား​သော  သံဆူးကြိုး { ၁၁ } ထပ်​ရှိပြီး  သံဆူးကြိုးအဆုံး  တွင်​  အလွန်​ ကြီးမား လှစွာ​သော { ၃ } ထပ်​ ကွန်​ကရစ်​ ဘန်​ကာ ကြီး တစ်​လုံးကို  ညာဘက်​ ကျကျ  ​​နေရာတွင်​  ထင်​ရှားစွာ  လှမ်းမြင်​​နေရကာ ဘယ်​ဘက်​ခြမ်းတွင်​လည်း  ၂  ထပ်​  ဘန်​ကာများ ၊  ၃ ထပ်​ဘန်​ကာများ တစ်​လုံးနှင့်​ တစ်​လုံး...
ဝမ်​ခသစ်​(​ကော့မူးရာ)အပိုင်း-၎
*****  တပ်​ချုပ်​ကြီးနှင့်​အတူ  တွဲ၍  တိုက်​ခဲ့​သော ဝမ်​ခသစ်​ { ​ကော့မူးရာ } စခန်း တိုက်​ပွဲ { ၁၉၈၉ }  အပိုင်း { ၄ }  *****              မုံရွာမှ နည်းဗျူဟာမှူး ဦးစီး  TE11  ကား  { ၈ } စီး  ထွက်​ခဲ့ကြ​တော့  နံနက်​​စော ပိုင်း ၊  ဘုတလင်​ ၊ ဒီပဲယင်း  စသည့်​ မြို့များ  ဖြတ်​​ကျော်​ကာ ​ရေဦး  မြို့  ​ရောက်​သည်​အထိ  ဘာမှ မထူးခြား ၊ လမ်းတ​လျောက်​ လုံး ​အေး​အေး ​ဆေး​ဆေး  ၊ တွတ်​ပီသည်​  ထုံးစံ  အတိုင်း  ​ရှေ့ပွိုင့်​ ကား  က  တပ်​စုမှူး ၊ ​ရေဦး  ​ကျော်​သည်​နှင့်​ ဒုက္ခ နှင့်​ လှလှ စ တင်​  ဆုံစည်း  ကြပါ​လေ​တော့  သည်​  ၊              လမ်း​ပေါ်မှာ  ထ​နောင်းပင်​ ကြီးများကို လွှတိုက်​ လှဲချ ထားကာ  အတား အဆီး အဖြစ်​ ပြုလုပ်​ထားကြသည်​ ၊ တစ်​​နေရာ  နှစ်​​နေရာ မဟုတ်​ ၊ တန့်​ဆည်​  မ​ရောက်​မချင်း  လမ်း​ဘေးက  ထ​နောင်းပင်​ ကြီးများ  ကို  လှဲ ချ  ထာြး...
ဝမ်​ခသစ်​(​ကော့မူးရာ)အပိုင်း-၂၀