Skip to main content
ဝမ်​ခသစ်​(​ကော့မူးရာ)အပိုင်း-၂
*****   တပ်​ချုပ်​ကြီးနှင့်​  အတူ  တွဲတိုက်​ခဲ့​ရ​သော
ဝမ်​ခ သစ်​ { ​ကော့မူးရာ } စခန်း တိုက်​ပွဲ { ၁၉၈၉ } 
အပိုင်း { ၂  } 
ရေးသားသူ--ယုံ လေး
             ကချင်​ပြည်​နယ်​  စစ်​ဆင်​​ရေးမှ ပြန်​လာပြီး​နောက်​  တပ်​ရင်း  တစ်​ရင်း လုံး  စုဖွဲ့​လေ့ကျင့်​​တွေ ပြုလုပ်​ကြရပါသည်​ ၊ ထုံးစံ  အတိုင်း ​နောက်​  တန်း ပြန်​နား သည်​  ဆို​သော်​လည်း  မိသားစု နှင့်​ အတူ  ​နေရသည်​မှ  လွဲ၍  အနား​တော့  မရကြပါ ၊ စစ်​သား ဘဝမှာ  { ၁၀ } နှစ်​​ကျော်​ကြာ  အသားကျလာပြီမို့  တွတ်​ပီ  အဖို့​တော့  မထူးဆန်း​တော့ပြီ ၊ တွတ်​ပီ  ထို အချိန်​က  စိတ်​ငြစ်​ခဲ့သည်​ မှာ မှတ်​မှတ်​ရရ  တစ်​ခုတည်းသာ   ရှိပါသည်​ ၊
             တွတ်​ပီ တို့ ဒုဗိုလ်​ လစာမှာ  တစ်​လ လျင်​ { ၃၂၀ိ } သာ  ရရှိပါသည်​ ၊ ထိုအချိန်​က  တွတ်​ပီတွင်​  သား { ၂ } ​ယောက်​  ရရှိ​နေပြီ  ဖြစ်​၍ ၊ စားဝတ်​​နေ​ရေးမှာ  အ​တော်​ ရုံးကန်​ရပါသည်​ ၊ အခြားအဆင့်​ဘဝ တွင်​  တပ်​တွင်း သာ​ရေး   နာ​ရေး  ရှိပါက ကိုယ့်​ ရှိတာ​လေး  ပါဝင်​ ကူညီ  လိုက်​ရသည်​မှာ ကိစ္စ မရှိ​သော်​လည်း   အရာရှိ ဖြစ်​လာသည့်​ အခါ  ကျားကြီး   လာ​တော့  ​ခြေရာက  ကြီးရပါသည်​ ၊ တခြား အရာရှိ များနည်းတူ သူများ { ၁၀ိ } ထည့်​လျင်​  ကိုယ်​လည်း { ၁၀ိ } ဖြစ်​​အောင်​  ကြိုးစား  ရပါ​တော့သည်​  ၊ သည်​​တော့  လမကုန်​မီ  မှာပင်​ လက်​ထဲမှာ ​ငွေက   မရှိ​တော့ ၊ ဒါ​တောင်​  တစ်​ပါတ်​​နေလို့  အသားဟင်း  တစ်​ကြိမ်​ထက်​  ပို မစားနိုင်​ ၊ တိုင်းပြည်​က ဆင်းရဲ​တော့  အရာရှိ ဘဝလည်း  ဆင်းရဲရသည်​ ​ပေါ့​လေ  ၊  ရတဲ့ ရိက္ခာ  ကုလားပဲ ​လေး ချက်​ ၊ နို့ဆီ သကြား​လေး  ​ရောင်း ပြီး  အသား ငါးနှင့်​  ဖလှယ်​ ​ပေါ့  ၊  ခြိုးခြံ  ​ချွေတာ စွာ  ​နေခဲ့ရတဲ့ ဘဝ​တွေပါ ၊
             ၁၉၈၈  နှစ်​လယ်​ပိုင်း​ရောက်​​တော့  နိုင်​ငံ​ရေး အ​ခြေအ​နေ​တွေက  မ​ကောင်း​တော့ပြီ ၊ အင်းစိန်​ ဘက်​က  စ​သော  ဘုန်း​မော်​  အ​ရေးအခင်း​တွေ ကြား​နေရပြီ ၊ ညစဉ်​  ၈   နာရီ မှာ  ​ရေဒီယို သတင်း​တွေ  အမြဲ နားစွင့်​  ​နေရချိန်​ပါ ၊ တီဗွီ ကလည်း ​ခေတ်​မစား ​သေး ၊ ​နေရာတိုင်း  မကြည့်​နိုင်​  ဆို​တော့ ​ရေဒီယို  သတင်းပဲ  အားကိုး​နေရသည်​ ၊ ဒါ​တောင်​ တွတ်​ပီ မှာ  ကိုယ်​ပိုင်​ ​ရေဒီယိုက  မရှိ ၊ အိမ်​နီးချင်း ဗိုလ်​ကြီး  ​အောင်​​ဌေး OTS 65  အိမ်​မှာ  သွားနား​ထောင်​  ​နေရသည်​  ၊ ဆိုးလိုက်​တဲ့  တွတ်​ပီ  အဖြစ်​ ၊
             ထို အ​တောအတွင်း  တွတ်​ပီ တို့တပ်​ရင်းကား  နယ်​​မြေ လူထုနှင့်​ မကင်းကွာ​အောင်​ ကြိုးစား​နေ ထိုင်​ကြပါသည်​ ၊  ဝန်းသို နယ်​မှာ  ဆန်​စပါး စိုက်​ပျိုး​ရေး  ကိုသာ  အဓိက ထား  လုပ်​ကိုင်​စား​သောက်​  ​နေကြရခြင်း  ဖြစ်​၍  သူတို့  စိုက်​​ရေး ပျိုး​ရေးကို  တတ်​နိုင်​  သ​​ရွေ့  ကူညီ ​ဆောင်​ရွက်​ ​ပေးကြရခြင်း  ပင်​  ဖြစ်​ပါသည်​ ၊  တပ်​ရင်းမှူး၏ ဦး​ဆောင်​မှု ဖြင့်​   နယ်​​မြေများ  ပိုင်းခြား  သတ်​မှတ်​ကာ လုပ်​အား​ပေး  ​ဆောင်​ရွက်​ ကြရခြင်း ပါ ၊
             တွတ်​ပီ တို့ တပ်​ခွဲသည်​  ဝန်းသို ​မြောက်​ဘက်​  ဂျိုး​ထောင်​  နမ့်​ခမ်း  နယ်​​မြေ အတွင်း လုပ်​အား​ပေးရန်​  ထွက်​ခွာ  ရပါသည်​ ၊ ​တောင်​သူဦးကြီးများ  လယ်​ကွက်​​တွေအတွင်း  ​အောင်​​ရေ  ရရှိရန်​ ​ရေစီး​ရေလာ  ​ကောင်းမွန်​​ရေး  ​မြောင်းများ ​ဖောက်​လုပ်​  ​ပေးခြင်း ၊ ကန်​သင်းများ  လမ်းများ မြှင့်​တင်​​ပေးခြင်း  စသည်​ဖြင့်​  ထိုရွာများ မှာ  အ​ခြေပြုကာ ပြည်​သူ့ အကျိုးပြု  လုပ်​ငန်းများ  လုပ်​​ဆောင်​ ​ပေးခဲ့ ကြရပါ​လေသည်​  ၊
             ရွာ​တွေမှာ  အ​ခြေပြု အကျိုးပြု လုပ်​ငန်း​တွေ  လုပ်​​ဆောင်​​နေရင်း  တစ်​ရက်​မှာ​တော့  တပ်​ခွဲမှူး  ဖြစ်​သူနှင့်​  ပြသနာ အနည်းငယ်​ တွတ်​ပီ ဖြစ်​ပွား ခဲ့ရပါ​သေးသည်​ ၊ ပြသနာမှာ  ကြီးကြီး ကျယ်​ကျယ်​​တော့  မဟုတ်​ခဲ့ပါ ၊  တပ်​ခွဲရှိ လူပျို စစ်​သည်​ တစ်​ဦး ည​နေပိုင်း  အားလပ်​ချိန်​  သနပ်​ခါး ပါးကွက်​ကြားလိမ်း  ၍  ရွာထဲ ​လျောက်​လည်​ခြင်းမှ  အစပြုခဲ့ခြင်း ဖြစ်​ပါသည်​ ၊  ထိုစစ်​သည်​  သနပ်​ခါး လိမ်းထားသည်​ ကို  မြင်​​တွေ့​သော  တွတ်​ပီ  တပ်​ခွဲမှူးက  သူတည်းခိုရာ  အိမ်​ သို့  ​ခေါ်ယူ ဆုံးမ  ပါ​လေသည်​ ၊
             ဆုံးမ  ရာမှာ​တော့  လိုအပ်​သည်​ထက်​  ပိုမို  လွန်​ကဲ ​နေသည်​သည်​ကို  မလှမ်းမကမ်းမှာရှိ​နေသည့်​  တွတ်​ပီ  မြင်​​တွေ့​နေရပါသည်​ ၊ ပါးရိုက်​  လက်​သီး နှင့်​  ထိုးသည်​သာမက  ပါးစပ်​မှ ​သွေးဖြိုင်​ဖြိုင်​  ယိုစီး ကျ  ​နေ​သော  ထို စစ်​သည်​ကို ဆွဲထူ၍ သတိ ဆွဲခိုင်းကာ ​မေးကို  ဒူးဖြင့်​ တိုက်​ခြင်း ၊ လဲ​နေသည်​ကို  လှိမ့်​ကန်​ ခြင်း တို့ အဆင့်​ထိ  လုပ်​​ဆောင်​လာခဲ့​သောအခါ  တွတ်​ပီ ကြည့်​ မ​နေနိုင်​​တော့ပါ ၊
             ထို စစ်​သည်​ကို  တွတ်​ပီ ကိုယ်​လုံးဖြင့်​ အကာအကွယ်​​ပေးကာ  တပ်​ခွဲမှူး ကိုလည်း ``` အကိုကြီး  ​တော်​​လောက်​ပါပြီ  ´´´´  ဟု ဝင်​၍ ဟန့်​တား လိုက်​ပါသည်​ ၊ တပ်​ခွဲမှူးက  ````  ဗိုလ်​တွတ်​ပီ  ဒါ ရန်​ဖြစ်​  ​နေတာ  မဟုတ်​ဘူး  မင်း ဝင်​မပါနဲ့ ´´´´ ဟု မျက်​နှာထား တင်းတင်းဖြင့်​  ​ပြောလာ​သောအခါ တွတ်​ပီလည်း  ````   ရန်​ဖြစ်​တာ  မဟုတ်​လို့  ဝင်​ပါတာပါ  အကိုကြီး  ရဲ​ဘော်​ ကို  ဆုံးမ တယ်​ ဆိုတာ  အတိုင်း  အတာ  တစ်​ခုထိပဲ  ​ကောင်းပါတယ်​  အခု အကိုကြီး  လုပ်​​နေတာ  လွန်​​နေပြီ  ထင်​လို့ ​ပြောတာပါ ´´´´   ဆို​တော့  သူလည်း  ရပ်​သွားပါသည်​ ၊ သို့ရာတွင်​  တွတ်​ပီ  အ​ပေါ်​တော့  သိပ်​ ​ကျေနပ်​ခဲ့ဟန်​ မတူပါ  ၊  ကိုယ့်​​ရှေ့မှာ  မဖြစ်​သင့်​တာ  ဖြစ်​​နေရင်​​တော့  အငြိမ်​  မ​နေတတ်​တာ   တွတ်​ပီ အကျင့်​ပါ ၊
             တကယ်​​တော့  ထိုစစ်​သည်​မှာ တပ်​ရင်းဆန္ဒ  ​ဖော်​ထုတ်​ပွဲ တစ်​ခုတွင်​  တပ်​ခွဲ၏  လစာ ဖြတ်​​တောက်​မှု  အ​ပေါ်  သတင်း​ပို့ခဲ့ခြင်း​ကြောင့်​  တပ်​ခွဲမှူးလုပ်​သူက  အငြိုး  အ​တေး  ထားကာ  ရှိသည့်​ အပြစ်​ထက်​  ပိုဆုံးမ  ခဲ့ဟန်​တူပါသည်​ ၊ မိမိ အုပ်​ချုပ်​ကွပ်​ကဲ  ရသည့်​  လက်​​အောက်​  စစ်​သည်​ တစ်​ဦးကို ထိုသို့  အမြင်​မ​တော်​​အောင်​  ထိုးကြိတ်​ ဆုံးမ မှုမျိုးမှာ လုံးဝ  မသင့်​​တော်​ဟု  တွတ်​ပီထင်​မြင်​ပါသည်​ ၊ ​နောက်​လူများ  ထပ်​သတင်း  မပို့ရဲ​စေရန်​  စံနမူနာပြ ပြုလုပ်​  ခဲ့​သော  ထို  အရာရှိ ကိုလည်း  ​နောက်​ပိုင်း တွတ်​ပီ  မကြည်​ညို ​တော့ပါ  ၊  ထိုစစ်​သည်​မှာ  သူ့အား  ထိုတပ်​ခွဲတွင်​  မထားရှိပဲ  အခြားတပ်​ခွဲ သို့ ​ပြောင်း​ရွေ့ ​ပေးပါရန်​  တရာဝင်​  သတင်းပို့ချက်​အရ  တပ်​ခွဲ{ ၅ }  သို့  ​ပြောင်း​ရွေ့ ​ပေးခဲ့ပါသည်​ ၊
             ထိုအရာရှိ အမည်​ကို​တော့  မ​ဖော်​ပြ​တော့ပါ ၊ ရဲ​ဘော်​စိတ်​  မရှိစွာဖြင့်​  နိုင်​လို မင်းထက်​ ကြိုးကိုင်​  အုပ်​ချုပ်​ခဲ့​သော  ထို အရာရှိလည်း ​နောက်​ပိုင်း  မ​ကောင်းစားခဲ့ပါ  ၊ ​စေတနာ  အကျိုး​ပေးသည်​ဟု ဆိုရပါမည်​ ၊ လုပ်​​လေရာ  တလွဲ​တွေဖြစ်​ ၊ အိမ်​​ဆောက်​ဖို့  စုထားတဲ့ ​ငွေ​တွေမည်း ၊ တိုက်​ပွဲမှာ ပြင်းထန်​ဒဏ်​ရာရ  ၊ မိသားစု ဘဝလည်း  မလှပ ခဲ့ပဲ တပ်​မှ ထွက်​သွားရပါသည်​ ၊ ထိုရဲ​ဘော်​  က​လေးက​တော့ မဲလ  စခန်းသိမ်း  တိုက်​ပွဲမှာ  တွတ်​ပီနှင့်​ အတူ ရန်​သူ့  ကာကင်းကုန်း  ရဲဝန့်​စွန့်​စားစွာ တက်​​ရောက်​သိမ်းပိုက်​ရင်း  ကျဆုံးခဲ့ရရှာပါသည်​ ၊  {  သူ့ကိုယ်​ပိုင်​အမှတ်​  မမှတ်​မိ ​တော့​သော်​လည်း  သူ့နာမည်​  ``  ဝင်းဦး ´´´  ဖြစ်​​ကြောင်း​တော့  တွတ်​ပီ ​ကောင်းစွာ မှတ်​မိ  ​နေဆဲ ပါ  }  ၊
             ထိုဖြစ်​စဉ်​ကို  သတိတရ  ​ဖော်​ပြရခြင်းမှာ ​နောက်​ထပ်​လည်း  အလားတူ  ဖြစ်​စဉ်​မျိုး​ကြောင့်​  အဆုံးအမ  မတတ်​ခဲ့သဖြင့်​  တွတ်​ပီ တို့တပ်​မှ အရာရှိ တစ်​ဦး  အသက်​ဆုံးရှုံးခဲ့ရ​သော​ကြောင့်​ ဖြစ်​ပါသည်​ ၊ {  ​နောက်​ပိုင်း  ပါလာပါမည်​ } ၊  ​ပြောချင်​သည်​မှာ  တပ်​မ​တော်​ တွင်းရှိ  အရာရှိများ  ကြီး  နိုင်​ ငယ်​ညှင်း  လုပ်​တတ်​ကြသည့်​  အကျင့်​ကို  ပြင်​​စေလို၍ ဖြစ်​ပါသည်​  ၊ သူ့အရည်​ အချင်း  သူ့​နေရာနှင့်​ သူ တည့်​​အောင်​  သုံးတတ်​ပါက  ဘယ်​ရဲ​ဘော်​ မဆို အသုံးတည့်​ပါသည်​ ၊ စစ်​တပ်​မှာ  ရဲ​ဘော်​ မ​ကောင်းသည်​  ဟူ၍  မရှိပါ  ၊  အရာရှိ မ​ကောင်း သည်​သာရှိသည်​ဟု  တွတ်​ပီ ​တော့  အမြဲ  ခံယူပါသည်​ ၊
             လုပ်​အား​ပေး  ရာမှ ပြန်​​ရောက်​ကြပြီး သိပ်​မကြာမီ မှာပင်​  နိုင်​ငံ​ရေး  အ​ခြေအ​နေ​တွေ  ရုတ်​တရက်​  ​ဇောက်​ထိုး မိုး​မျှော်​  ဖြစ်​လာပါသည်​ ၊ မြန်​မာ့ ဆိုရှယ်​လစ်​  လမ်းစဉ်​  ပါတီ  အ​ရေး​ပေါ် ပါတီညီလာခံ  ကြီး​ခေါ်သည်​ ၊ တစ်​ပါတီ စနစ်​ နှင့်​ ပါတီစုံ စနစ်​  ကြိုက်​တာ ​ရွေးခိုင်းသည်​ ၊ သမ္မတ​တွေ ​ပြောင်းလဲ တာဝန်​​ပေးသည်​ ၊ တိုင်းပြည်​ကား  အကွပ်​မရှိသည့်​  ကြမ်းပမာ   ဗရမ်းဗတာ  ဖြစ်​လာသည်​ ၊ ဆန္ဒ ပြမှု​တွေ  ​နေရာ အနှံ့ ​ပေါ်လာ​တော့  တွတ်​ပီ တို့ ဝန်းသိုသူ  ဝန်းသိုသား  ​တွေလည်း  ဘယ်​​ခေတ်​​နောက်​ကျ  လိမ့်​  မလည်း  ၊  သူများ​တွေ  တို့ အ​ရေး  ​အော်​ကြ​တော့  သူတို့ကလည်း  ​ဒေသခံ  ​လေသံ  အတိုင်း  ​အော်​ကြသည်​ ၊  ````   တို့  အ​ရေးပါ  ညယ်​  ´´´´ တဲ့  ၊
            ထိုကာလမှာ  တွတ်​ပီတို့ တစ်​ရင်းလုံးလည်း အ​ရေး​ပေါ် ဇာတ်​တိုက်​  ​လေ့ကျင့်​ကြရသည်​ ၊ အဓိကရုဏ်း  နှိမ်​နင်း  ​ရေးပါတဲ့  ၊ စည်း​တွေ  အတန်​တန်​တားကာ   မိုက်​ဖြင့်​ ​အော်​သူက​အော်​ ၊ တားသူကတား  ၊  တပ်​ခွဲရှိ စစ်​သည်​များကို  သပိတ်​​မှောက်​ ဆန္ဒ ပြသူများ  အဖြစ်​  သရုပ်​​ဆောင်​ ခိုင်း​တော့ ပို​ပျော်​ ကြရသည်​ ၊  တွတ်​ပီ တို့  အရာရှိငယ်​များက တိုက်​ပုံကြီး​တွေ  တကားကားဖြင့်​  တရားသူကြီးလုပ်​သူကလုပ်​ ၊  ရဲအရာရှိ သရုပ်​​ဆောင်​သူက ​ဆောင်​ ၊ ပါတီ ​ကောင်​စီ  လူကြီးများ  အသွင်​  လုပ်​သူက လုပ်​ကြ​ပေါ့  ၊ တပည့်​များကား  လိုသည်​ထက်​  ပိုသရုပ်​​ဆောင်​  ကြ​လေ​တော့  တွတ်​ပီ တို့  အရာရှိများ  ရွှံ့များဖြင့်​  ပစ်​ခံရကာ  တိုက်​ပုံ​တွေ  ရွှံ့ ​တွေ အလူးလူး   ၊   ​ပျော်​စရာလည်း  ​ကောင်းသလို  အမှတ်​ရဖွယ်​  ကာလများ  ပါ​ပေ ၊
             ထိုအ​တောအတွင်း  မြို့ထဲရှိ  ပါတီ ​ကောင်​စီ လူကြီးများ  မြို့ထဲ မ​နေရဲ​တော့ပဲ  တွတ်​ပီတို့တပ်​က  အရာရှိငယ်​ ​နေအိမ်​များ ဆီ ​ရွှေ့​ပြောင်း လာကြရသည်​ ၊ မြို့နယ်​  ​ကောင်​စီ ဥက္ကဌက  ဗိုလ်​မှူးစန်း​မောင်​  ဟု  သိရပါသည်​ ၊  သူကား  ​ထော​ဂေါ  စခန်းတိုက်​ပွဲတွင်​  ခလရ  ၁၅  မှ ဗကပ  အဖမ်းခံရ၍ ပြန်​လည်​  လွတ်​​မြောက်​လာသူ  တွတ်​ပီ တို့  မိတ်​​ဆွေ​ဟောင်းကြီး  ပါ​ပေတည်း ၊
             အ​ရေးအခင်းကြီး  လှိုင်​လှိုင်​ ဖြစ်​​နေဆဲမှာ တွတ်​ပီ နှင့်​ ကိုခင်​​မောင်​စိုး တို့ နှစ်​​ယောက်​  ဒုဗိုလ်​  အဆင့်​  မှသည်​  ဗိုလ်​ အဆင့်​ သို့  ရာထူးတိုးမြှင့်​ ခံခဲ့ ရခြင်းပါ​သည်​   ၊  တစ်​ပွင့်​​လေး  ဘဝ မှ  နှစ်​ပွင့်​ ပုခုန်း​ပေါ်  စ  ပြီး  တင်​ရသည့်​  ကာလက  မိုး​အေး၍ ချမ်း​နေတာ​တောင်​  အ​ပေါ် အကျီ င်္  မဝတ်​ချင်​  ၊ ကိုယ့်​အပွင့်​  ကိုယ်​လည်း  ခဏ ခဏ  ကြည့်​၍မဝ ၊ တွတ်​ပီထက်​  အိမ်​သူ မ​သေးမျှင်​  က ပို​ပျော်​ ပါ​လေသည်​ ၊ သူက  တစ်​လ  ​ဈေးသုံး  { ၈၀ိ  } ပိုသုံးခွင့်​ ရှိလာမှာမို့ပင်​  ၊  ဗိုလ်​  အဆင့်​ လစာ က  { ၄၀၀ိ } ပါ​ပေတည်း  ၊ 
             များမကြာမီ  မှာပင်​  စစ်​ကိုင်း မြို့မ ရဲစခန်းကို  ဆန္ဒ ပြသူ​တွေ  ဝင်​​ရောက်​စီးနင်း  သဖြင့်​ ရဲစခန်း  က  ခုခံပစ်​ခတ်​ ၍   လူများစွာ  ​သေ​ကြေ  ဒဏ်​ရာရ​ကြောင်း  သတင်း​တွေ ကြားရသည်​ ၊ ထုံးစံ အတိုင်း  BBC / VOA   တို့က  ပုံကြီးချဲ့ ကြသည်​ ၊ အစိုးရကလည်း  ပြု​နေကြ  အတိုင်း  ​ရေငုံ နှုတ်​ပိတ်​မို့  လူထု​တွေ  ပို အထင်​မြင်​  လွဲခံရ ၊ မီးပွား  က​လေးမှသည်​  မီး​တောက်​ကြီး  ဖြစ်​၍ လာခဲ့ပြီ ၊
             တွတ်​ပီ တို့တပ်​နှင့်​  အိမ်​နီးချင်း  ခမရ  ၁၂၀   တို့ကို  တပ်​ အသင့်​ ပြင်​ခိုင်းထားသည်​ ၊ ကားလမ်း​တွေ  ရထားလမ်း​တွေလည်း   ပိတ်​ကုန်​ကာ လူထု​တွေ  စားဝတ်​​နေ​ရေး  ကျပ်​တည်း  ကုန်​ကြသည်​ ၊  စပါး ထွက်​သည့်​ နယ်​​မြေမို့  ဆန်​ မပြတ်​​သော်​လည်း  လူသုံး ကုန်​ ပစ္စည်း​တွေ  ပြတ်​လပ်​ကာ ရှာမရ​တော့ ၊ ကိုယ်​တိုက်​ ဆပ်​ပြာ  မ​ပြောနှင့်​  ​ရွှေဝါ ဆပ်​ပြာကိုပင်​   အဝတ်​မ​လျှော်​ပဲ  ကိုယ်​တိုက်​ ​ရေချိုးကြရသည့်​  တွတ်​ပီ တို့ ဘဝ  ၊ 
             သို့နှင့်​  သြဂုတ်​လ  မကုန်​မီ မှာပင်​ ဒုမှူးကြီး  ချစ်​​အောင်​  ဦးစီး  တွတ်​ပီ တို့  တစ်​ရင်းလုံး အထူး  မီးရထားကြီးစီးကာ  ဝန်းသို  မြို့မှသည်​ စစ်​ကိုင်း ဆီ သို့  ဦးတည်​ကာ  ထွက်​ခွာ ခဲ့ကြရပါ​တော့သည်​  ၊ ကဲ   ဘာ​တွေများ  ဆက်​ဖြစ်​ကြမလည်း  ​စောင့်​  ကြည့်​ ကြ​သေးတာ​ပေါ့  ။
              ***   သိုင်းကာ  ဝိုင်းကာ  ​ရေးရင်းနဲ့  လိုရင်း  ​တော့  မ​ရောက်​နိုင်​​သေးဘူး​ဗျာ ၊ ဗဟုသုတ  နဲ့  အဖြစ်​မှန်​ ​လေး​တွေလည်း  သိ​စေချင်​တဲ့ ​စေတနာ​ကြောင့်​   ​ရေးပြ​နေတာ   နားလည်​ ​ပေးကြပါ​နော်​ ၊ ​တောင်​တက်​  ​နေရတဲ့  ပ​လောင်​ ကြီးကလည်း  အသက်​ကကြီး​နေပြီ  ဆို​တော့  နားနား ​နေ​နေ​ပေါ့ဗျာ ၊ ​ဒေါက်​တာ  ​မောင်​​မောင်​  ​ပြောသလို  ````  ဆန္ဒ ​တွေ  မ​စော  ကြပါနဲ့  ဦး ´´´´   လို့   ***
                      ချစ်​  ကြည်​  စွာ  ဖြင့်
                              **  ယုံ  ​လေး  **
Comments
Popular posts from this blog
ဝမ်​ခသစ်​(​မော့မှုးရာ)အပိုင်း-၂၁
*****  တပ်​ချုပ်​ကြီးနှင့်​ အတူတွဲ၍  တိုက်​ခဲ့ရ​သော ဝမ်​ခသစ်​ { ​ကော့မူးရာ } စခန်းတိုက်​ပွဲ  { ၁၉၈၉ } အပိုင်း { ၂၁ }  *****              စခန်းတိုက်​ရမည့်​ ​နေ့  မနက်​ပိုင်းမှာ တူးထား​သော  ဆက်​သွယ်​​ရေး​မြောင်း ထိပ်​အထိ သွား​ရောက်​ကာ  တပ်​ခွဲမှူး နှင့်​  အတူ ရန်​သူ့စခန်း ဗူးဝ ကို  စစ်​သုံး မှန်​​ပြောင်း ကိုယ်​စီဖြင့်​  အနီးကပ်​  ​လေ့လာကြည့်​ရှုရင်း  စစ်​​ရေးသုံးသပ်​  ကြရပါ​လေ၏ ၊ ရန်​သူ့ဝမ်​ခသစ်​ စခန်း၏ ဗူးဝ  အကျယ်​မှာ ကိုက်​  ၂၀၀ ခန့်​ ကျယ်​ပြန့်​ပြီး ကာရံထား​သော သံဆူးကြိုးများကိုလည်း  ထင်​ရှားစွာ ​တွေ့မြင်​ ​နေရပါသည်​ ၊ ကာရံထား​သော  သံဆူးကြိုး { ၁၁ } ထပ်​ရှိပြီး  သံဆူးကြိုးအဆုံး  တွင်​  အလွန်​ ကြီးမား လှစွာ​သော { ၃ } ထပ်​ ကွန်​ကရစ်​ ဘန်​ကာ ကြီး တစ်​လုံးကို  ညာဘက်​ ကျကျ  ​​နေရာတွင်​  ထင်​ရှားစွာ  လှမ်းမြင်​​နေရကာ ဘယ်​ဘက်​ခြမ်းတွင်​လည်း  ၂  ထပ်​  ဘန်​ကာများ ၊  ၃ ထပ်​ဘန်​ကာများ တစ်​လုံးနှင့်​ တစ်​လုံး...
ဝမ်​ခသစ်​(​ကော့မူးရာ)အပိုင်း-၎
*****  တပ်​ချုပ်​ကြီးနှင့်​အတူ  တွဲ၍  တိုက်​ခဲ့​သော ဝမ်​ခသစ်​ { ​ကော့မူးရာ } စခန်း တိုက်​ပွဲ { ၁၉၈၉ }  အပိုင်း { ၄ }  *****              မုံရွာမှ နည်းဗျူဟာမှူး ဦးစီး  TE11  ကား  { ၈ } စီး  ထွက်​ခဲ့ကြ​တော့  နံနက်​​စော ပိုင်း ၊  ဘုတလင်​ ၊ ဒီပဲယင်း  စသည့်​ မြို့များ  ဖြတ်​​ကျော်​ကာ ​ရေဦး  မြို့  ​ရောက်​သည်​အထိ  ဘာမှ မထူးခြား ၊ လမ်းတ​လျောက်​ လုံး ​အေး​အေး ​ဆေး​ဆေး  ၊ တွတ်​ပီသည်​  ထုံးစံ  အတိုင်း  ​ရှေ့ပွိုင့်​ ကား  က  တပ်​စုမှူး ၊ ​ရေဦး  ​ကျော်​သည်​နှင့်​ ဒုက္ခ နှင့်​ လှလှ စ တင်​  ဆုံစည်း  ကြပါ​လေ​တော့  သည်​  ၊              လမ်း​ပေါ်မှာ  ထ​နောင်းပင်​ ကြီးများကို လွှတိုက်​ လှဲချ ထားကာ  အတား အဆီး အဖြစ်​ ပြုလုပ်​ထားကြသည်​ ၊ တစ်​​နေရာ  နှစ်​​နေရာ မဟုတ်​ ၊ တန့်​ဆည်​  မ​ရောက်​မချင်း  လမ်း​ဘေးက  ထ​နောင်းပင်​ ကြီးများ  ကို  လှဲ ချ  ထာြး...
ဝမ်​ခသစ်​(​ကော့မူးရာ)အပိုင်း-၂၀