Skip to main content
ဝမ်​ခသစ်​(​ကော့မူးရာ)အပိုင်း-၃
*****  တပ်​ချုပ်​ကြီး နှင့်​  အတူတွဲ၍ တိုက်​ခဲ့ရ​သော ဝမ်​ခသစ်​ { ​ကော့မူးရာ } စခန်း တိုက်​ပွဲ { ၁၉၈၉ } အပိုင်း { ၃ }  *****
             ဝန်းသို ဘူတာ  မှ စထွက်​ကထဲက  ရထားမှာ  တလိမ့်​ခြင်းသာ ၊ ​ မီးရထား စက်​​ခေါင်း​ရှေ့တွင်​ ​ကျောက်​တင်​တွဲလို  တွဲပက်​လက်​  တစ်​တွဲ တင်​ကာ  တွတ်​ပီမှာ  မီးရထား  အကဲကြည့်​  အရာရှိ အဖြစ်​  စက်​​ခေါင်း​မောင်း  နှင့်​ အတူ  လိုက်​ပါခဲ့ရပါ၏ ၊ သံလမ်း​ပေါ်မှာ  သစ်​ပင်​များ  ခုတ်​လှဲ ချထားခြင်း ၊ ​ကျောက်​တုန်းကြီးများ  လှိမ့်​တင်​ထားခြင်း  စသည်​ နည်းမျိုးစုံဖြင့်​  လမ်းများကို  ဖျက်​ဆီး  ​နှောက်​ယှက်​ထားကြသဖြင့်​   စစ်​သည်​​တွေ  လုပ်​အားနှင့်​ ဖယ်​လိုက်​  ဆက်​ထွက်​ လိုက်​  ​ပေါ့  ၊
             လမ်းခရီ  ရပ်​နားရာ  ဘူတာ စဉ်​တိုင်းမှာ သပိတ်​  အဖွဲ့၏  ပိုစတာ​တွေ  ဖတ်​ရ​တော့ တွတ်​ပီ ပြုံးမိရ၏  ၊  ````   စိန်​လွင်​  ​ခြောက်​တန်း  တ​ဇောက်​ကန်း   ​စောက်​ရမ်း  မလုပ်​နှင့်​  ´´´´  တို့   ```တစ်​ပါတီ  အာဏာ ရှင်​  စနစ်​  အလို  မရှိ ´´´ တို့  စသည်​ဖြင့်​ စုံလှပါ၏ ၊  ထိုပြင်​  နွား နှစ်​​ကောင်​  ဦး​ခေါင်း ပုံတွင်​ ဦးစိန်​လွင်​နှင့်​  ​ဒေါက်​တာ  ​မောင်​​မောင်​  မျက်​နှာကို ထည့်​ကာ  လှည်း​ပေါ်မှ  ဦး​နေဝင်း က  ကြိမ်​တံ ဝင့်​  ​မောင်း ​နေပုံ  ​ဝေါလ်​ ရှိ  {  ပိုစတာ }ပုံ​တွေကလည်း  အသက်​ဝင်​လှစွာ  ၊  ဒီ​လောက်​  ပုံ​တွေ  အဆင့်​​တော့  တွတ်​ပီ တို့  ​တောသား​တွေ  မလုပ်​တတ်​​လောက်​ ၊ ဗကပ UG   ဆဲလ်​  များ  လက်​ရာ​တွေ  မြန်​မာပြည်​  အနှံ့ ဝင်​​ရောက်​  ​နေပြီ ဖြစ်​​ကြောင်း  တွတ်​ပီ  ​ကောင်း​ကောင်း  ကြီး  သ​ဘော​ပေါက်​မိ  ၏  ၊
             ထိုစဉ်​ကာလ က  မန္တ​လေး  မြစ်​ကြီးနား  ခရီးစဉ်​မှာ  ကားလမ်း  မ​ပေါက်​​သေး ၊ လမ်းမှာ ​သောင်​တင်​​နေ​သော  မန္တ​လေး  စစ်​ကိုင်းဘက်​ သွားမည့်​  ခရီးသည်​  မှန်​သမျှ  တပ်​ရင်းမှူးက  ရထား​ပေါ် တင်​ကာ  အကူအညီ ​ပေးခဲ့ရှာပါသည်​ ၊ သူတို့ခမျာ စရိတ်​ကပြတ်​  လမ်းကပိတ်​  နှင့်​မို့  စစ်​သည်​များ ​ကျွေး​သော  ထမင်းစားကာ  ရထားနှင့်​  လိုက်​ခွင့်​ ရခဲ့၍  ​ကျေးဇူးတင်​  မဆုံး ၊ လမ်းဆုံးဘူတာ  ဖြစ်​သည့်​  ရွာ​ထောင်​  ​ရောက်​​တော့  ဘူတာ ပလက်​​ဖောင်း​ပေါ်မှာ  တပ်​ရင်းမှူး  ကြီးကို  ထိုင်​ကန်​​တော့  ​နေသည့်​ မြင်​ကွင်း  ကြည့်​ကာ  တွတ်​ပီ ပင်​  မျက်​ရည်​ လည်​ချင်​ချင်​  ၊  တပ်​မ​တော်​သည်​  ပြည်​သူ လူထု  အခက်​အခဲ​တွေ့​နေချိန်​  လက်​လွတ်​စံပါယ်​  ပစ်​မထား တတ်​ခဲ့ ​ကြောင်း  လက်​​တွေ့ သက်​​သေမို့  တပ်​ရင်းမှူး၏  စည်းရုံး​ရေး  စိတ်​ဓာတ်​ နှင့်​ စွမ်းရည်​ ကိုလည်း  တွတ်​ပီ  နမူနာယူ  ချီးကျူး  မိခဲ့ရပါသည်​ ၊
             စစ်​ကိုင်းရှိ  တပ်​မဌာနချုပ်​  မှ တာဝန်​ရှိသူများ က  လိုအပ်​သည်​များ  ညွှန်​ကြားကာ ရွာ​ထောင်​မှာ  ညအိပ်​ ပြီး ​နောက်​တစ်​​နေ့  မနက်​ ​စော​စော စစ်​ကား  TE 11  များဖြင့်​  မုံရွာ သို့ ချီတက်​ခဲ့ကြ​တော့  တွတ်​ပီ က  ​ရှေ့ဆုံးကား မှာ ပွိုင့်​ တပ်​စုမှူး ၊ လမ်းတ​လျောက်​  မြင်းမူ  ​ချောင်းဦး  စသည့်​ မြို့များကို ဖြတ်​​ကျော်​​တော့  ဆန္ဒ ပြသူ  လူအုပ်​ကြီးများ နှင့်​ ​တွေ့ဆုံ ရ​သော်​လည်း  ဘာပြသနာ  မှ မဖြစ်​ခဲ့ ၊ သူတို့ကပင်​  ​အောင်​သ​ပြေ  ပန်း များ  ကား​ပေါ် ပစ်​တင်​ ​ပေး  လိုက်​ကြ​သေး  ၊
             မုံရွာ အဝင်​ နတ်​လူထိပ်​ပန်​ ​ရောက်​​တော့မှ  ပြသနာ  ​ကောင်း​ကောင်း  တက်​ပါ​တော့သည်​ ၊ ကားလမ်း​ပေါ်မှာ  ဝါးလုံးတန်းများ ချကာ  ရဟန်းဝတ်​ဖြင့်​  ပုဂ္ဂိုလ်​  အချို့  ယာဉ်​တန်းအား  တားဆီးထားကြခြင်းပါ  ၊ တွတ်​ပီ နှင့်​အတူ တပ်​ခွဲမှူး ဗိုလ်​ကြီး တင်​​မောင်​လတ်​  {  အလသ ၁ } တို့ သွား​ရောက်​ ​ပြောဆိုကြ​သော်​လည်း  ​ပြေလည်​မှု မရ ၊  ထို အထဲမှ ဓားရှည်​ ကို  ​ကြော​ပေါ် စလွယ်​ သိုင်းကာ  နဖူးတွင် အနီ​ရောင်​ပိတ်​စ  စည်းထား​သော  သင်္ကန်းဝတ်​  တစ်​​ယောက်​က  ရိုင်းပြစွာ  ခါး​ထောက်​လျက်​ ````  မင်းတို့က  ဘယ်​သူ့ အမိန့်​  အရ  မြို့ထဲဝင်​  မှာလည်း ၊ ဘယ်​သူက  ခွင့်​ပြုပြု   ငါ  ခွင့်​မပြု  ဘူး  ´´´´   ဟု တပ်​ခွဲမှူး ကို  ​ငေါက်​ ငန်း  ဆက်​ဆံလာ​သောအခါ တွတ်​ပီ စိတ်​တို့  ​ထောင်း  ကနဲ ထပြီ ၊
             ကြည့်​ပါဦးဗျာ   သူ့အသက်​က  အလွန်​ဆုံးရှိလှ  ၂၅  နှစ်​ထက်​မပို ၊ ထိုစဉ်​က  အသက်​ ၄၀ နား ကပ်​​နေပြီ ဖြစ်​​သော  တပ်​ခွဲမှူး ကို မ​လေးမစား  မင်းနဲ့ ငါ  နဲ့ဆို​တော့   ခါးမှာ ချိတ်​ထား​သော  တွတ်​ပီ ပစ္စတို  ​သေနတ်​က  ထိုပုဂ္ဂိုလ်​  နားထင်​  ဘယ်​လိုပင်​ ​တေ့မိ  လိုက်​သည်​  မသိလိုက်​  ၊  လွန်​စွာ စိတ်​ဆတ်​​  တတ်​​သော  တွတ်​ပီ ​မောင်းကလည်း  တင်​လိုက်​ ပြီးသား  ၊ ဗိုလ်​ကြီးတင်​​မောင်​လတ်​  က​တော့  ````   ကိုတွတ်​ပီ  စိတ်​ထိန်းပါဗျာ ´´´´   ဆိုကာ  ပစ္စတို ကို  လာကိုင်​ ရှာပါသည်​  ၊  ````   ကိုယ်​​တော်​ သင်္ကန်း ​ကြောင့်​  သက်​သာတယ်​  မှတ်​ပါ  ၊ မိုက်​ရိုင်းလာရင်​  တပည့်​ ​တော်​က  ဘယ်​သူ့မှ ခွင့်​ မလွှတ်​တတ်​ဘူး  ´´´´   ဟု  ​ပြောကာ  အိတ်​ထဲ  ပစ္စတို ပြန်​ထည့်​  လိုက်​​ပေမယ့်​  စိတ်​က​တော့  လုံးဝ မ​ကျေနပ်​  နိုင်​​သေး ၊   ခဏ အကြာ  စစ်​​ကြောင်းမှူး ဗိုလ်​မှူး စိန်​​ဌေး   ​ရောက်​လာပြီး  ညှိကြ  နှိုင်းကြ​သော်​လည်း မ​ပြေလည်​  ၍  ထို​နေရာ မှာပင်​  ကားများရပ်​ကာ လမ်း​ဘေး  နံနက်​စာ  စားလိုက်​ရပါ၏ ၊
             သပိတ်​​ကော်​မတီ  နှင့်​ ညှိနှိုင်း  သ​ဘောတူညီ  ချက်​အရ  တွတ်​ပီ တို့  စစ်​သည်​အားလုံး အပြင်​ထွက်​လျင်​  စစ်​ဝတ်​စုံ  မဝတ်​ဆင်​ရ ၊  ​သေနတ်​ မကိုင်​ရ  ၊  အ​ရေး အ​ကြောင်း ရှိ၍  ထွက်​လိုပါလျင်​ အရပ်​ဝတ်​ဖြင့်​  ထွက်​ရမည်​ ၊ သူတို့ဆီ ကြိုတင်​ ခွင့်​ပြုချက်​  ရယူ ရမည်​  ၊ အုပ်​စုလိုက်​ ​ဈေးဝယ်​ ထွက်​ခြင်းမျိုး  ဖြစ်​ပါက  သူတို့အဖွဲ့က  လာကြို   ပြန်​ပို့မည်​ ဖြစ်​ပြီး  ကျန်​  လှုပ်​ရှားမှုများ  ခွင့်​မပြု ပါတဲ့  ဗျာ ၊
             မုံရွာ  သပိတ်​ အဖွဲ့က  တစ်​ခု​တော့ ​ကောင်းပါသည်​ ၊ သူတို့ဆီက  ပိုလျှံ​သော  ထမင်းထုတ်​များ   ဟင်းချက်​စရာများ  ရှိပါက  တွတ်​ပီ တို့ စစ်​​ကြောင်းကို  လာပို့ကြသဖြင့်​  အသား ငါး​တော့ သိပ်​ မငတ်​ ၊ အ​နေကြာ  ရင်းနှီးလာ​သောအခါ  တွတ်​ပီတို့ အရာရှိများကို  ညစာ ဖိတ်​​ကျွေးခြင်း မျိုး​လေး​တွေ လုပ်​ကြသဖြင့်​  ထိုအခါမျိုးမှာ  အရပ်​ဝတ်​ဖြင့်​ ပစ္စတို​လေး  ​တွေ အကျီ င်္  ​အောက်​  ဝှက်​ကိုင်​ကာ တွတ်​ပီ  တို့လည်း  လွတ်​လပ်​​ရေး​လေး  ရ  စ  ပြုလာခဲ့ပါ​ချေ ပြီ  ၊  နို့မဟုတ်​လည်း  ဘာအလုပ်​မှ မှ မရှိပဲ သစ်​စက်​  ဝင်း  အတွင်း  တစ်​​နေကုန်​  ကျားထိုင်​ချကာ  အချိန်​ဖြုန်းကြရသဖြင့်​  လူ​တွေက ပျင်းလှပြီ ၊
             တစ်​ရက်​​တော့  မနက်​  ၁၀  နာရီ​လောက်​ဗိုလ်​​ဇော်​မင်း {  အလသ ၁၂   မဲလ တိုက်​ပွဲကျဆုံး } က  အ​ဖော်​လာစပ်​သည်​ ၊ ````   ပျင်းလို့ဗျာ  မြို့ထဲ ​ခေါက်​ဆွဲ​ကြော်​ ထွက်​စားကြရ​အောင်​ ၊ ကိုလှမိုး  {  DSA 27  }  လည်း ​ခေါ်ထားတယ်​ ၊ ကိုတွတ်​  လိုက်​ခဲ့  ´´´´   တဲ့  ၊  တပ်​ရင်းမှူးထံကလည်း ခွင့်​​တောင်းပြီးသား  မို့  အရပ်​ဝတ်​က​လေး​တွေ ကိုယ်​စီဝတ်​  ၊ ​သေနတ်​​လေး  မမြင်​​အောင်​  ခါးကြားထိုးပြီး သပိတ်​  အဖွဲ့ လာအကြို ​စောင့်​ကြသည်​ ၊
             ခဏ အကြာ​တော့  လာကြိုသည့်​ အဖွဲ့ ​ရောက်​ရှိ​ကြောင်း ဟွန်းသံ ​ပေးသဖြင့်​ သုံ​ယောက်​သားထွက်​ခဲ့ကြ​တော့  လမ်းမှာ  ဂျစ်​ကား  ၂  စီးနှင့်​ ဆိုင်​ကယ်​  ၄  စီးက  အဆင်​သင့်​ ၊  ဂျစ်​ကား အလွတ်​တစ်​စီး​ပေါ်   တက်​မိခဲ့ကြ​တော့  ​ရှေ့မှာ  လမ်းရှင်း ဆိုင်​ကယ်​  ၂  စီးက  ဟွန်း​တွေ တတီတီ​ပေးကာ ​နောက်​မှာ  ဂျစ်​ကား  တစ်​စီးနှင့်​  ဆိုင်​ကယ်​  ၂ စီးက  ​နောက်​ပိတ်​  ၊  လမ်းမှာ  ​တွေ့သမျှ သပိတ်​အဖွဲ့​တွေ  လမ်းရှင်း​ပေး ၊  ပြုံးပြ  နုတ်​ဆက်​ နှင့်​ အလိုလိုပင်​  VIP   ဘဝ  ​ရောက်​​နေ​သော  တွတ်​ပီ တစ်​​ကောင်​  စိတ်​ကြီး ဝင်​မိ သလိုလို ၊
             မြို့မ​ဈေး အလွန်​  ``` မိတ်​ဆက်​  ´´´ဆို​သော တရုတ်​ စား​သောက်​ဆိုင်​​ရှေ့ ​ရောက်​​တော့  တွတ်​ပီတို့ကို  ချထားခဲ့ကာ  သူတို့ ပြန်​သွားကြပါသည်​ ၊ ပြန်​ရန်​  အချက်​​ပေးမှ  သူတို့  လာ​ခေါ်ပါလိမ့်​မည်​ ၊ ဆိုင်​မှာ  ​ခေါက်​ဆွဲ​ကြော်​ ​စောင့်​​နေရင်း  ဆန္ဒပြ  လူအုပ်​ကြီး  တစ်​အုပ်​  ​ရောက်​ရှိလာ​တော့  တွတ်​ပီတို့ ထွက်​ကြည့်​ကြပါသည်​ ၊  သူတို့  သပိတ်​  အချင်းချင်း ရန်​​တွေဖြစ်​ကာ  သတ်​ကြဖြတ်​ကြ​ကြောင်း  သတင်းများကြားသိ​နေရ​သော်​လည်း  ယခုကျမှ  တိုက်​တိုက်​ဆိုင်​ဆိုင်​  ၊  လူ​ခေါင်းပြတ်​  ​တွေ ဝါးလုံးထိပ်​မှာ  ထိုးချိတ်​လျက်​  တန်းစီ  လာ​နေ​သော  လူတစ်​စု  ၊
            ဘုန်​ကြီး​တွေလည်းပါသည်​ ၊ အရပ်​ဝတ်​ဖြင့်​ လူ​တွေက  ခပ်​များများ  ၊  ​လူ  ဦး​ခေါင်းပြတ်​​တွေက  ၆  ခုလား   ၇  ခုလား  မမှတ်​မိ​တော့ ၊ မှတ်​မိသည်​က  သင်္ကန်း ဝတ်​​တွေ  အပါအဝင်​  အားလုံး  အရက်​မူး  ​နေကြခြင်းပါ ၊  သူတို့က  စီတန်း လှည့်​လည်​ရင်း  ​တွေ့သမျှလူ  လက်​ခုပ်​တီး  အား​ပေးခိုင်း၏ ၊ လမ်း​ဘေး မှာ  ​ကြောင်​စီစီ  မတ်​တပ်​ရပ်​  ​နေ​သော  တွတ်​ပီ တို့  အနီး  သင်္ကန်းဝတ်​  တစ်​ဦး  ​ရောက်​လာကာ  ````   မင်းတို့က  ဘာ လို့  လက်​ခုပ်​  မတီးတာလည်း  ´´´´   ဆိုကာ  ရန်​ လာရှာ​တော့  တွတ်​ပီ လည်း အကျီ င်္  လှန်​ကာ   ပစ္စတို  ​သေနတ်​  မြင်​​အောင်​  ပြလိုက်​​ ခါ မှ  အနှီပုဂ္ဂိုလ်​  လည်း  ​နောက်​ပြန်​ လှည့်​သွား  ပါ​လေသည်​  ၊  လာပြီး  ရုတ်​ရုတ်​  ရုတ်​ရုတ်​ လုပ်​လို့  က​တော့  တွတ်​ပီ အ​ကြောင်း  ဒင်းတို့အမှန်​ သိသွား  ​စေရမည်​  ၊
             အမှန်​​တော့  ထိုအချိန်​ကာလက  ပြည်​သူလူထု  အ​တော်​များများမှာ ကျီးလန့်​စာ  စား  နီးရာဓား  ​ကြောက်​ရွံ့ ​နေကြရပြီ ဖြစ်​ပါသည်​ ၊ ​ထောက်​လှမ်း​ရေး  လို့  လက်​တို့  လိုက်​သည်​နှင့်​  အသတ်​မခံရမီ  ​ပြေး​ပေ​တော့  ၊ ​ငွေရှိသူ  အချို့ကလည်း သူတို့ စီးပွား​တွေ ထိပါး  လာမည်​ စိုးသည့်​ အတွက်​  မချစ်​​သော်​လည်း  ​အောင့်​ကာနမ်း   သ​ဘောဖြင့်​ သပိတ်​  အဖွဲ့​တွေ  ​ငွေ​ကြေး  ​ထောက်​ပံ့ရပ်​တည်​​နေကြရသလို  သာမန်​  ပြည်​သူ​တွေမှာလည်း  မလုံမခြုံ ဖြစ်​ကာ   ​ကြောက်​လန့်​  ​နေကြရ​လေပြီ  ၊ဘယ်​သူ့ အ​ဖေ ​ခေါ်ရမှန်း  မသိ​သော  ​ခေတ်​ပျက်​ကြီးဝယ်​  ​တောမီး​လောင်​   ​တော​ကြောင်​  လက်​ခ​မောင်း  ခတ်​ကြသည်​  ကလည်း  မဆန်း​တော့  ၊
             ထိုဖြစ်​စဉ်​  ဖြစ်​ပွားပြီး  သိပ်​မကြာပါ ၊ တန့်​ဆည်​  မြို့တွင်​  ဆန္ဒ ပြသူများက  ရဲစခန်းကို ဝင်​စီးပြီး   မြို့နယ်​မှူး  အပါအဝင်​  ရဲတပ်​ဖွဲ့ဝင်​များကို သတ်​ဖြတ်​ကာ   လက်​နက်​များ  လုယူ သွား​ကြောင်း ၊  ထို့ပြင်​  မြန်​မာ့ စီးပွား​ရေးဘဏ်​မှ  ​ငွေ  ၅ သိန်းခွဲ​ကျော်​  ကိုလည်း  သိမ်းဆည်း  သွား​ကြောင်း  သတင်းအရ ၊  ထိုစဉ်​က  နမခ { မန္တ​လေး }  တိုင်းမှူး ဗိုလ်​ချုပ်​  ထွန်းကြည်​  အမိန့်​  ဖြင့်​  တွတ်​ပီ တို့ တ​တွေ မုံရွာမြို့ မှ  ထွက်​လိုက်​ခဲ့ ရပါသည်​  ၊
            ထိုစစ်​​ကြောင်း  ကို ဦး​ဆောင်​သူက​တော့ ဗျူဟာမှူး  ဗိုလ်​မှူးကြီး ​စော​အေးကို { ​နောင်​ သမ ညွှန်​ချုပ်​ } ဖြစ်​ကာ  ဗိုလ်​မှူး စိန်​​ဌေး  ဦးစီး တွတ်​ပီ တို့  တပ်​ခွဲ  { ၂  }  ခွဲ  ပါ​ပေတည်း  ။
             ***  တိုက်​ပွဲက​တော့  ​ဖြေး​ဖြေး​ပေါ့ဗျာ ၊ အာရုံရမှ  စာက  ​ကောင်းတာမို့  စိတ်​ကို  အတိတ်​ဆီ  ပြန်​ပို့ရင်း  နှစ်​ ၃၀ က  အ​တွေ့အကြုံ​တွေ  ပြန်​စီ ​နေရလို့ပါ  ၊  ၁၉၈၉ ခုနှစ်​  မဲလ စခန်းသိမ်းစစ်​ဆင်​​ရေးက  အပြန်​  ရိုက်​ထားတဲ့ ဓာတ်​ပုံ ​ဖော်​ပြ​ပေးလိုက်​ပါတယ်​ ၊ တွတ်​ပီ​တော့မပါဘူး  ၊ ဒဏ်​ရာရ  ပြီး မင်္ဂလာ ဒုံ  စစ်​​ဆေးရုံ  တက်​​နေလို့ပါ ၊ ဝဲမှယာ  အမည်​မသိ ၊ ဗက စန်းဝင်းလှိုင်​ ၊ ဗက မင်း​အောင်​လှိုင်​ ၊ မှူးသန်းဦး ၊ ဒုမှူးကြီး ချစ်​​အောင်​ ၊ ဗက ချစ်​ကို ၊ ဗက မျိုးညွန့်​  နဲ့  ညာစွန်​  ဒုဗိုလ်​ စိုးမိုးနိုင်​  တို့ပါ  ***
                  ချစ်​  ကြည်​  စွာ  ဖြင့်
                           **  ယုံ  ​လေး  **
@@@@@@@@@@@@@@@@@@
Comments
Popular posts from this blog
ဝမ်​ခသစ်​(​မော့မှုးရာ)အပိုင်း-၂၁
*****  တပ်​ချုပ်​ကြီးနှင့်​ အတူတွဲ၍  တိုက်​ခဲ့ရ​သော ဝမ်​ခသစ်​ { ​ကော့မူးရာ } စခန်းတိုက်​ပွဲ  { ၁၉၈၉ } အပိုင်း { ၂၁ }  *****              စခန်းတိုက်​ရမည့်​ ​နေ့  မနက်​ပိုင်းမှာ တူးထား​သော  ဆက်​သွယ်​​ရေး​မြောင်း ထိပ်​အထိ သွား​ရောက်​ကာ  တပ်​ခွဲမှူး နှင့်​  အတူ ရန်​သူ့စခန်း ဗူးဝ ကို  စစ်​သုံး မှန်​​ပြောင်း ကိုယ်​စီဖြင့်​  အနီးကပ်​  ​လေ့လာကြည့်​ရှုရင်း  စစ်​​ရေးသုံးသပ်​  ကြရပါ​လေ၏ ၊ ရန်​သူ့ဝမ်​ခသစ်​ စခန်း၏ ဗူးဝ  အကျယ်​မှာ ကိုက်​  ၂၀၀ ခန့်​ ကျယ်​ပြန့်​ပြီး ကာရံထား​သော သံဆူးကြိုးများကိုလည်း  ထင်​ရှားစွာ ​တွေ့မြင်​ ​နေရပါသည်​ ၊ ကာရံထား​သော  သံဆူးကြိုး { ၁၁ } ထပ်​ရှိပြီး  သံဆူးကြိုးအဆုံး  တွင်​  အလွန်​ ကြီးမား လှစွာ​သော { ၃ } ထပ်​ ကွန်​ကရစ်​ ဘန်​ကာ ကြီး တစ်​လုံးကို  ညာဘက်​ ကျကျ  ​​နေရာတွင်​  ထင်​ရှားစွာ  လှမ်းမြင်​​နေရကာ ဘယ်​ဘက်​ခြမ်းတွင်​လည်း  ၂  ထပ်​  ဘန်​ကာများ ၊  ၃ ထပ်​ဘန်​ကာများ တစ်​လုံးနှင့်​ တစ်​လုံး...
ဝမ်​ခသစ်​(​ကော့မူးရာ)အပိုင်း-၎
*****  တပ်​ချုပ်​ကြီးနှင့်​အတူ  တွဲ၍  တိုက်​ခဲ့​သော ဝမ်​ခသစ်​ { ​ကော့မူးရာ } စခန်း တိုက်​ပွဲ { ၁၉၈၉ }  အပိုင်း { ၄ }  *****              မုံရွာမှ နည်းဗျူဟာမှူး ဦးစီး  TE11  ကား  { ၈ } စီး  ထွက်​ခဲ့ကြ​တော့  နံနက်​​စော ပိုင်း ၊  ဘုတလင်​ ၊ ဒီပဲယင်း  စသည့်​ မြို့များ  ဖြတ်​​ကျော်​ကာ ​ရေဦး  မြို့  ​ရောက်​သည်​အထိ  ဘာမှ မထူးခြား ၊ လမ်းတ​လျောက်​ လုံး ​အေး​အေး ​ဆေး​ဆေး  ၊ တွတ်​ပီသည်​  ထုံးစံ  အတိုင်း  ​ရှေ့ပွိုင့်​ ကား  က  တပ်​စုမှူး ၊ ​ရေဦး  ​ကျော်​သည်​နှင့်​ ဒုက္ခ နှင့်​ လှလှ စ တင်​  ဆုံစည်း  ကြပါ​လေ​တော့  သည်​  ၊              လမ်း​ပေါ်မှာ  ထ​နောင်းပင်​ ကြီးများကို လွှတိုက်​ လှဲချ ထားကာ  အတား အဆီး အဖြစ်​ ပြုလုပ်​ထားကြသည်​ ၊ တစ်​​နေရာ  နှစ်​​နေရာ မဟုတ်​ ၊ တန့်​ဆည်​  မ​ရောက်​မချင်း  လမ်း​ဘေးက  ထ​နောင်းပင်​ ကြီးများ  ကို  လှဲ ချ  ထာြး...
ဝမ်​ခသစ်​(​ကော့မူးရာ)အပိုင်း-၂၀