Skip to main content
ဝမ်​ခသစ်​(​ကော့မူးရာ)အပိုင်း-၁၁
*****  တပ်​ချုပ်​ကြီး နှင့်​ အတူ တွဲ၍ တိုက်​ခဲ့ရ​သော ဝမ်​ခသစ်​ { ​ကော့မူးရာ } စခန်း တိုက်​ပွဲ { ၁၉၈၉ } ၊ အပိုင်း { ၁၁ }  *****
             အရာ​တော်​  ​ရောက်​​တော့  မဝတ အသစ်​   ဖြစ်​သူ ဗိုလ်​မှူး ​မောင်​ကြိုင်​ ထံ သတင်းပို့ရပါသည်​ ၊ သူက  ​ပေါင်​မြို့နယ်​  ပြည်​သူ့ ​ကောင်​စီ ဥက္ကဌ ဘဝ မှ  ​ပြောင်း​ရွှေ့တာဝန်​  ထမ်း​ဆောင်​လာသူ ဖြစ်​ကာ အလွန်​ပင်​  ရိုးသား ​အေး​ဆေးပြီး  စိတ်​သ​ဘောထားလည်း  ​ကောင်းလွန်းလှသူ  ဖြစ်​ပါသည်​ ၊ အခြားအဆင့်​ ဘဝဖြင့်​ ​လေတပ်​တွင်​  တာဝန်​ထမ်း​ဆောင်​ပြီးမှ  ပြန်​တမ်းဝင်​  အရာရှိ ဖြစ်​လာသူ ဖြစ်​ပြီး  ၁၀ တန်း ကို  ၁၀  နှစ်​ ​ဖြေဆို  ခဲ့ရ​ကြောင်း  မကြာခဏ​ပြော  ပြ​လေ့ရှိ  သဖြင့်​  မှတ်​မိ​နေပါသည်​ ၊ ​နောက်​ထပ်​  ထူးခြားသည့်​  အချက်​ တစ်​ခုမှာ  အင်္ဂလိပ်​စာ   မီးနင်း  ကို  တစ်​ရက်​  { ၂၀ } လုံး ​နေ့စဉ်​ မပျက်​  မကွက်​  ကျက်​မှတ်​​လေ့ ရှိ ပြီး တွတ်​ပီ  ကိုလည်း   ထိုသို့  ကျက်​မှတ်​ ​စေရန်​  တိုက်​တွန်းရှာပါသည်​ ၊ အင်္ဂလိပ်​စာ  ဘာသာရပ်​၌  အလွန်​ပင်​ ညံ့ဖျင်းလှ​သော  တွတ်​ပီ တစ်​​ယောက်​  အစပိုင်း တွင်​ လိုက်​နာ  ကျင့်​သုံး ခဲ့​သော်​လည်း  ​နောက်​ပိုင်းတွင်​မူ  အလုပ်​​တွေကများ  ပြီး  မလုပ်​ ဖြစ်​ခဲ့​တော့ပါ ၊
             ကိုယ့်​ အထက်​မှာ  တာဝန်​ခံသူ  အရာရှိ တစ်​ဦး  ရှိ​နေ၍  တွတ်​ပီ ဘဝ လွတ်​လပ်​ လှပါသည်​ ၊ တာဝန်​ခံစရာ ၊ စိတ်​ရှုပ်​စရာ  မရှိ သဖြင့်​  အားအားရှိ ​မြောင်​ဆက်​   ကိုမြင့်​ထွန်း ၊ ဆရာမ  မမြင့်​မြင့်​ထွန်းတို့  လင်​မယား  နှင့်​ ​ပေါင်းကာ  ​ဟောလီးဝုဒ်​  ဖဲရိုက်​  ​ကစား ခြင်း ဖြင့်​  အချိန်​ကုန်​ပါသည်​ ၊ ဗိုလ်​မှူး ​မောင်​ကြိုင်​ကို  ကူစရာ ရှိတာကူ ကာ ၊ မဝတ ရုံး  အနီးရှိ မဖွင့်​လှစ်​ရ​သေး​သော  မြန်​မာ့စီးပွား​ရေးဘဏ်​ အသစ်​  အ​ဆောက်​အဦးတွင်​  ပါလာ​သော တပ်​စု နှင့်​  အတူ  အ​ခြေပြု၍  ဇိမ်​ကျလှပါသည်​ ၊
             အရာ​တော်​၌ ​နေစဉ်​  တစ်​ခုပဲ စိတ်​ပျက်​ရပါသည်​ ၊ ​ရေ အလွန်​ရှား ပါးလှ သဖြင့်​  ည​နေ ​ရေချိုးချိန်​  အထက  အနီးရှိ ​​ရေကန်​ကြီးထဲ  သို​လှောင်​ထား​သော  မိုး​ရေ  ခပ်​​နောက်​​နောက်​ ၊ နွံ​စော်​ကလည်း  ခပ်​နံနံ  ကိုသာ  အားပြု ချိုးရခြင်းပါ ၊ ဗိုလ်​မှူး​စေလွှတ်​သဖြင့်​  မလဲဘာ ၊ သလဲသာ  စသည့်​  ရွာ​တွေ  ဆီလည်း  ထွန်​စက်​ကြီးစီးကာ  နယ်​​မြေ လုံခြုံ​ရေး နှင့်​  စည်းရုံး​ရေး ဆင်းရင်း ​ရောက်​ရပါသည်​ ၊ အရာ​တော်​မှာ ​နေစဉ်​  အမှတ်​ရစရာ ဖြစ်​စဉ်​ တစ်​ခုသာ  ရှိခဲ့ပါသည်​  ၊ ထိုဖြစ်​စဉ်​က​တော့ မှတ်​မှတ်​ရရမို့  မ​မေ့နိုင်​ပါ  ၊
             တစ်​ရက်​ ရုံးမှာ ရှိ​နေစဉ်​  အရာ​တော်​ မြို့နယ်​  ​မြောက်​ဘက်​ အစွန်​ဆုံးရှိ { ရွာနာမည်​ မမှတ်​မိ }  ရဲကင်း တစ်​ခုမှ  ရဲကင်းမှူး ဒုရဲအုပ်​ တစ်​ဦး ​နေ့လယ်​ ပိုင်းမှာ ​ရောက်​ရှိလာပါသည်​ ၊ သူနှင့်​အတူ   စာ တစ်​​စောင်​ ပါရှိလာပြီး  စာမှာ ​ရွှေဘို နယ်​ရှိ  ဓား  ပြ  ​ခေါင်း​ဆောင်​ တစ်​ဦးထံမှ ​ပေးစာဖြစ်​​နေပါသည်​ ၊ စာပါ  အ​ကြောင်းအရာမှာ  ````   ယ​နေ့ည  ထိုရွာသို့ သူတို့အဖွဲ့ ဝင်​၍  ဓားပြ  တိုက်​မည်​ ဖြစ်​​ကြောင်း ၊သူတို့မှာ  လက်​နက်​  လူသူ အင်​အား  အပြည့်​ပါ ၍ အ​နှောက်​အယှက်​  မ​ပေးရန်​ နှင့်​  ကိုယ့်​ရဲကင်းထဲ ကိုယ်​သာ  ​အေး​အေး​ဆေး​ဆေး  ​နေပါရန်​  ၊ ရဲကင်း  အပြင်​တွင်​  ​တွေ့ရှိပါက  သူတို့  တာဝန်​မယူပါ ​ကြောင်း  ´´´´   ​ရေးသား  ထားသဖြင့်​  အ​တော်​ပင်​ ​ဒေါသ  ထွက်​မိပါသည်​ ၊
             ဗိုလ်​မှူးထံ ဆက်​လက်​ တင်​ပြပြီး စက်​ဘီး  ၅  စီးစီစဉ်​ခိုင်း၍  တွတ်​ပီလည်း  ရဲ​ဘော်​  ၄ ​ယောက်​နှင့်​  ထွက်​လိုက်​ပါသည်​ ၊ ဗိုလ်​မှူးက​တော့ တွတ်​ပီ ပင်​ပမ်းမည်​  စိုး၍  မလိုက်​ပဲ  တပ်​စိတ်​မှူး တစ်​ဦးသာ  ထည့်​လိုက်​ရန်​ ​ပြော​သော်​လည်း  စိတ်​တို​နေ​သော  တွတ်​ပီကား  ဇွတ်​  အတင်းပင်​ လိုက်​ပါလာခဲ့  ပါသည်​ ၊ ဘယ်​နှယ့်​ဗျာ  ဓားပြက  ရဲတပ်​ဖွဲ့ကို စိန်​​ခေါ်ပြီး  ဓားပြ  တိုက်​ရတယ်​ လို့  ကြား   ကြားဘူး​ပေါင်​  ၊  ထို​နေရာမှာ  ​ရွှေဘို  ၊ ဒီပဲယင်း ၊ အရာ​တော်​  ၃  မြို့နယ်​  ဆုံရာမို့  လူဆိုး လူမိုက်​​တွေလည်း  အလွန်​​ပေါများ  လှ​သော  နယ်​​မြေ ဖြစ်​ပါသည်​ ၊
             ထိုရွာ​ရောက်​​အောင်​  စက်​ဘီးဖြင့်​ ၄ နာရီ ကြာ စီးရသည်​ဟု  မှတ်​မိပါသည်​ ၊ ၃၀၃  ရိုင်​ဖယ်​စုတ်​များ နှင့်​  ​ခြောက်​လုံးပြူး သာ ကိုင်​​ဆောင်​ထား ​သော  ရဲတပ်​ဖွဲ့ အ​နေဖြင့်​လည်း  သူတို့အားဖြင့်​ မစွမ်းသာ  သည်​မှာ  အပြစ်​​ပြောစရာ  မရှိပါ ၊ ရဲကင်းမှူး​ပြောပြချက်​အရ  ဓားပြ  အဖွဲ့က  ဘီ​အေ ၅၂ လို စတင်းမျိုးပါ  ကိုင်​​ဆောင်​တတ်​ပြီး လက်​နက်​ နှင့်​ လူကလည်း  ​တောင့်​တင်း လှသည်​ဟု သိရပါသည်​ ၊ ရွာ ​ရောက်​​တော့  အ​တော်​မိုးချုပ်​​နေပြီ ၊ ည​နေစာ ကို သူ့ စခန်းမှာ  ဖြစ်​သလိုစား လိုက်​ပြီး  ရဲကင်း​စောင့်​  ၃ ​ယောက်​  ချန်​ ၍  စခန်းမှူး နှင့်​ ကျန်​ ၂ ​ယောက်​​ခေါ်ကာ  ည ၈  နာရီ ​လောက်​မှာ  မူးမြစ်​ ကမ်း​ဘေး တိတ်​  တဆိတ်​  ထွက်​လာခဲ့ပါသည်​ ၊
             ထိုကာလ က  မူးမြစ်​မှာ  အလွန်​ ​ရေစီးသန်​ကာ  ​လှေဖြင့်​သာ  ဖြတ်​ကူး ရရှိ နိုင်​ပြီး မြစ်​​ရေပြင်​မှာ  ကိုက်​  ၅၀  ခန့်​ ကျယ်​ပြန့်​ပါသည်​ ၊ ရွာသားများထံ စုံစမ်းချက်​အရ  မူးမြစ်​  တစ်​ဘက်​ကမ်းတွင်​  အတန်​ငယ်​  ကြီးမား​သော  လက်​​လှော်​​လှေ တစ်​စင်း ည​နေပိုင်းက  ပြင်​ဆင်​​နေသည်​ကို မြင်​​တွေ့ရ​ကြောင်း  သိရှိ ရသဖြင့်​  သည်​ဘက်​ကမ်းမှာ မိမိ စစ်​သည်​များ  ​နေရာချထား ပြီး  အပိုင်​​စောင့်​ယုံသာ ၊ ပါလာသူ  အားလုံးကို  ​ကိုယ်​တိုင်​ ​နေရာချထားပြီး မိမိ ပစ်​မိန့်​  မရပဲ  ဘယ်​သူမှ  စ  မပစ်​ရန်​  တိတိကျကျ  မှာကြား  ထား ၍  လက်​စွဲ​တော်​  ကာဘိုင်​ကိုလည်း အ​သေအခြာ  ကျည်​ထိုး  ထားလိုက်​ပါသည်​ ၊
             အ​ရှေ့ဘက်​ဆီက  လ​ရောင်​​လေး  မလင်းတလင်း  ထွက်​လာ​တော့  ည  ၁၀  နာရီခန့်​ ရှိပြီ ၊ ​လေတဟူးဟူး နှင့်​  မြစ်​ပြင်​ကို  လ​ရောင်​​အောက်​မှာ အတိုင်းသား  ​တွေ့မြင်​​နေရသည်​ ၊ မည်​သူမှ မီးမသုံးရန်​  အမိန့်​​ပေးထား သဖြင့်​  ​ဆေးလိပ်​ ​သောက်​ချင်​​သော  တွတ်​ပီ စိတ်​တို့ကို  မနည်း မြိုသိပ်​  ထားရသည်​  ၊ လှုပ်​ရှားမှုက  ဘာမှ မ​တွေ့ရ​သေးသဖြင့်​  ဟုတ်​​ရော  ဟုတ်​ပါ့ မလား  စိတ်​က တထင့်​ထင့်​ ၊ကိုယ်​​တော်​​ချောများက  သန်း​ကောင်​ချိန်​  ​ရောက်​ခါနီး မှ  လှုပ်​ရှားလာပါသည်​  ၊ အံမယ်​  သူတို့ကိုယ်​ သူတို့  လိုင်​စင်​ရ  ဓားပြ  ​တွေအလား ၊ လက်​နှိပ်​ ဓာတ်​မီး​တွေ  တဝင်းဝင်း နှင့်​ ၊ မူးလည်း မူး​နေကြဟန်​တူ  ပါ သည်​ ၊ အသံ​တွေ ကလည်း  ဆူပွက်​လို့  ၊
             သူတို့ ​လှေကြီး  စထွက်​လာသည်​ကို  လ​ရောင်​ဖြင့်​  အတိုင်းသား မြင်​​နေရပါသည်​ ၊ တွတ်​ပီ စီမံချက်​က  ရှင်းရှင်း​လေး ၊ ​လှေ သည်​ဘက်​ကမ်း ကပ်​ကာ   အကုန်​ဆင်းလာမှ  လက်​နှိပ်​ ဓာတ်​မီး ဖြင့်​ ဝိုင်းထိုးကာ  အကုန်​  လက်​နက်​ချခိုင်းမည်​ ၊ ပြန်​လည်​ ခုခံ လာပါက  တစ်​​ယောက်​မှ  အရှင်​မဖမ်း​တော့ ၊ ​နောင်​  မှတ်​​လောက်​  သား​လောက်​​အောင်​  ဆုံးမ ​ပေးလိုက်​​တော့မည်​  ၊  အသာတကြည်​  အဖမ်းခံလျင်​မူ ရဲတပ်​ဖွဲ့  လက်​ထဲအပ်​ကာ  တရားဥပ​ဒေ  အဆုံးအမ   သူတို့  ခံယူ ရုံသာ  ၊
             ဓားပြ​လှေ  မြစ်​ပြင်​  အလယ်​  မ​ရောက်​တ​ရောက်​မှာ  မ​မျှော်​လင့်​ ထားသည့်​ဖြစ်​ရပ်​ ဖြစ်​ပွားခဲ့ပါသည်​၊ တွတ်​ပီ  ​ဘေးမှာ  ထား​သော  G 4  ကိုင်​ စစ်​သည်​ထံက  ```   ဒိုင်း  ´´´  ကနဲ  ​သေနတ်​သံ တစ်​ချက်​ ထွက်​​ပေါ် လာခြင်းပါ ၊ ထို​ကျေးဇူးရှင်​က ပစ်​ခလုပ်​ ​ပေါ်  ​လက်​တင်​  ထားရင်း  ဆန္ဒ​စောကာ  မ​တော်​တဆ  လက်​ညှိုး  ကို ​ကွေးမိလိုက်​ခြင်းပါ ၊ ​သေနတ်​သံ  ထွက်​​ပေါ်လာသည်​နှင့်​  တွတ်​ပီလည်း  စိတ်​တိုသွားကာ  ထိုရဲ​ဘော်​ကို  ထ၍ ​​ဆောင့်​ ကန်​လိုက်​ပြီးသူ့လက်​ထဲမှ  G4  ကိုဆွဲယူလိုက်​ ပါ​တော့သည်​ ၊ သွားပါပြီ  ငါ့စီမံ ချက်​​လေး​တော့  ​သောက်​တလွဲ ဖြစ်​ပြီ​ပေါ့  ဟု  စိတ်​ထဲက ​ရေရွတ်​ကာ  လက်​ထဲရှိ G4  ဖြင့်​  ​လှေဆီ  ချိန်​၍  အတွဲလိုက်​  ကုပ်​  ချလိုက်​ပါ ​တော့သည်​  ၊  ထိုအခါမှ  အသင့်​​နေရာယူ ထား​သော ရဲ​တွေနှင့်​  တွတ်​ပီ  တပည့်​များ  ဝိုင်းပစ်​လိုက်​ သံ​တွေက   မြစ်​ကမ်း  တ​လျောက်​မှာ ဆူညံ  ပွက်​​လောရိုက်​ကာ   ရွာသား​တွေ​တောင်​  အိမ်​ထဲ  မ​နေရဲပဲ ထွက်​​ပြေး  ကြရသည်​  အထိ  ၊
             ဓားပြအဖွဲ့မှာ  အ​တော်​ပင်​ ကံဆိုးရှာပါသည်​ ၊ ဟိုဘက်​ကမ်း  ပြန်​လှည့်​လို့လည်း  မရ ၊ သည်​ဘက်​ကမ်း  ကပ်​လို့ကလည်း  မဖြစ်​နှင့်​ ​လှေကလည်း  ​ရေလယ်​​ခေါင်​မှာ  ထိန်းသူ မရှိ လည်​  ​နေကာ တွတ်​ပီ  တို့ ပစ်​သမျှ  လည်​စင်း  ခံ​နေယုံကလွဲလို့  အခြား  မရှိ ၊  ၁၅  မိနစ်​ခန့်​  စိတ်​ကြိုက်​  ပစ်​ခတ်​ပြီး  အားလုံး ငြိမ်​သက်​သွား မှ  စစ်​သည်​တစ်​ဦး ​ရေကူးကာ  ​လှေ ကို  ကမ်းစပ်​ဆီ  ဆွဲ​ယူ လာ စစ်​​ဆေးကြည့်​​တော့  ​လှေဝမ်းထဲမှာ  ​သွေးအလိမ်းလိမ်းဖြင့်​ အသက်​​ပျောက်​လျက်​   ၆  ​ယောက်​ ​တွေ့ရသည်​ ၊ လုပ်​​သေနတ်​  ၅  လက်​နှင့်​  ငှက်​ကြီး​တောင်​ ဓားကြီး တစ်​​ချောင်းလည်း  ရလိုက်​သည်​ ၊ {  ထို ငှက်​ကြီး​တောင်​  ဓား  တွတ်​ပီထံတွင်​  ယ​နေ့ထိ  အမှတ်​တရ သိမ်းထား ပါသည်​ } ၊ ဓားပြ  အဖွဲ့မှာ  ၁၀ ​ယောက်​ခန့်​ ရှိပြီး  ကျန်​သူများလည်း  အသက်​ရှင်​ပုံ မ​ပေါ်ပါ ၊ ထိမှန်​ ဒဏ်​ရာဖြင့်​  ​ရေထဲ ​ပြုတ်​ကျ  သွားပြီး  ​ရေနစ်​​သေကုန်​  မှာ​တော့  ​အေကန်​  မလွဲ ၊
             ဓားပြ စစ်​ဆင်​​ရေး မှ ပြန်​လာပြီး  သိပ်​မကြာလိုက်​ ၊ တပ်​မ​တော်​  အရာရှိများ မဝတ အတွင်း​ရေးမှူး  မထားရ  ဆို​သော  အထက်​ညွှန်​ကြားချက်​အရ   တွတ်​ပီ  တစ်​​ယောက်​  မုံရွာ တဘက်​ကမ်း ဆားလင်းကြီးဘက်​  ကူးကာ  ဓာတ်​အားခွဲရုံ လုံခြုံ​ရေး  ​ဆောင်​ရွက်​ရပြန်​ပါ၏  ၊  ထိုမှ မုံရွာ အထက ၁  ထဲ လုံခြုံ​ရေး  အရန်​  အဖြစ်​  ရှိ​နေစဉ်​  ၃ - ၁ - ၈၉ ရက်​​နေ့တွင်​  ရွာရှိ အိမ်​သူ  မ​သေးမျှင်​  တတိယ​မြောက်​  သားငယ်​​လေး  မီးဖွား​ကြောင်း  ကြားသိရသဖြင့်​  ​မွေးရပ်​​မြေ  တစ်​​ခေါက်​  ပြန်​လိုက်​ရပါ​သေးသည်​  ၊ မုံရွာ  မှာရှိ​နေစဉ်​  ရှိသည့်​  လစာ​လေးဖြင့်​ ​ဆေးတပ်​သား  ​ကျော်​​ကျော်​  { ဝူခုန်း } ထံ မှ ကက်​ဆီယို  လက်​ပတ်​နာရီ​လေး  တစ်​လုံး  ၂၅၀ိ  ဖြင့်​  ပထမဆုံး  အကြိမ်​  ဝယ်​ပတ်​ခဲ့ဖူးပါသည်​ ၊ ဘဝတွင်​ အဦးဆုံး  ကိုယ်​ပိုင်​ နာရီ ပတ်​နိုင်​ခြင်းပါ ၊ { ဒါ​တောင်​  ၂  လ ခွဲပြီး  ​ငွေသွင်း  ရလို့  }  ၊
             ၁၉၈၉  ခုနှစ်​  ​ဖေ​ဖော်​ဝါရီလ  ၏ တစ်​ခု​သော  ​နေ့ရက်​တွင်​  တွတ်​ပီ  တို့  တပ်​ရင်း တစ်​ရင်းလုံး လုံခြုံ​ရေး   တာဝန်​များမှ  ရုပ်​သိမ်းကာ တပ်​ရင်းဌာနချုပ်​  ဝန်းသို  သို့  ပြန်​ဝင်​ကြရမည်​ဆိုသဖြင့်​ ရွာရှိ  မ​သေးမျှင်​နှင့်​  သား  ၃  ​ယောက်​  လှမ်း​ခေါ်ကာ  ​ပျော်​​ပျော်​ပါးပါး  မီးရထားကြီး  စီးခဲ့ကြပါ​လေ၏ ၊  စစ်​ကိုင်းရှိ  တပ်​မ ဌာန ချုပ်​  ဝင်​သတင်း ပို့​တော့ တပ်​မမှူးက  မှာကြား  လိုက်​ပါသည်​ ၊ တပ်​ရင်းဌာနချုပ်​မှာ  ​လေ့ကျင့်​ရင်း  တပ်​အသင့်​  ပြင်​ထားပါ ၊ တပ်​မ  တစ်​ခုလုံး  ကရင်​ပြည်​နယ်​  စစ်​ဆင်​​ရေးဝင်​ရောက်​  ရန်​  ရှိသည်​  ဟူသတတ်​  ။
             ***   လာမည့်​  အပိုင်း​တွေ​တော့  ကြို မ​ပြော  ​တော့ပါဘူး ​နော်​ ၊  ​စောင့်​သာ  ဖတ်​ကြပါ​တော့ ၊  ​အောင်​လ  အန်​နဆန်း   လက်​သီးချက်​​တွေလို  ပွဲကြမ်း ​တော့မယ်​   ဆိုတာ  မ​ပြောလည်း  သိ  ကြ မှာပါ  ​နော  ***
                      ချစ်​  ကြည်​  စွာ  ဖြင့်
                           **  ယုံ  ​လေး  **
@@@@@@@@@@@@@@@@@@
Comments
Popular posts from this blog
ဝမ်​ခသစ်​(​မော့မှုးရာ)အပိုင်း-၂၁
*****  တပ်​ချုပ်​ကြီးနှင့်​ အတူတွဲ၍  တိုက်​ခဲ့ရ​သော ဝမ်​ခသစ်​ { ​ကော့မူးရာ } စခန်းတိုက်​ပွဲ  { ၁၉၈၉ } အပိုင်း { ၂၁ }  *****              စခန်းတိုက်​ရမည့်​ ​နေ့  မနက်​ပိုင်းမှာ တူးထား​သော  ဆက်​သွယ်​​ရေး​မြောင်း ထိပ်​အထိ သွား​ရောက်​ကာ  တပ်​ခွဲမှူး နှင့်​  အတူ ရန်​သူ့စခန်း ဗူးဝ ကို  စစ်​သုံး မှန်​​ပြောင်း ကိုယ်​စီဖြင့်​  အနီးကပ်​  ​လေ့လာကြည့်​ရှုရင်း  စစ်​​ရေးသုံးသပ်​  ကြရပါ​လေ၏ ၊ ရန်​သူ့ဝမ်​ခသစ်​ စခန်း၏ ဗူးဝ  အကျယ်​မှာ ကိုက်​  ၂၀၀ ခန့်​ ကျယ်​ပြန့်​ပြီး ကာရံထား​သော သံဆူးကြိုးများကိုလည်း  ထင်​ရှားစွာ ​တွေ့မြင်​ ​နေရပါသည်​ ၊ ကာရံထား​သော  သံဆူးကြိုး { ၁၁ } ထပ်​ရှိပြီး  သံဆူးကြိုးအဆုံး  တွင်​  အလွန်​ ကြီးမား လှစွာ​သော { ၃ } ထပ်​ ကွန်​ကရစ်​ ဘန်​ကာ ကြီး တစ်​လုံးကို  ညာဘက်​ ကျကျ  ​​နေရာတွင်​  ထင်​ရှားစွာ  လှမ်းမြင်​​နေရကာ ဘယ်​ဘက်​ခြမ်းတွင်​လည်း  ၂  ထပ်​  ဘန်​ကာများ ၊  ၃ ထပ်​ဘန်​ကာများ တစ်​လုံးနှင့်​ တစ်​လုံး...
ဝမ်​ခသစ်​(​ကော့မူးရာ)အပိုင်း-၎
*****  တပ်​ချုပ်​ကြီးနှင့်​အတူ  တွဲ၍  တိုက်​ခဲ့​သော ဝမ်​ခသစ်​ { ​ကော့မူးရာ } စခန်း တိုက်​ပွဲ { ၁၉၈၉ }  အပိုင်း { ၄ }  *****              မုံရွာမှ နည်းဗျူဟာမှူး ဦးစီး  TE11  ကား  { ၈ } စီး  ထွက်​ခဲ့ကြ​တော့  နံနက်​​စော ပိုင်း ၊  ဘုတလင်​ ၊ ဒီပဲယင်း  စသည့်​ မြို့များ  ဖြတ်​​ကျော်​ကာ ​ရေဦး  မြို့  ​ရောက်​သည်​အထိ  ဘာမှ မထူးခြား ၊ လမ်းတ​လျောက်​ လုံး ​အေး​အေး ​ဆေး​ဆေး  ၊ တွတ်​ပီသည်​  ထုံးစံ  အတိုင်း  ​ရှေ့ပွိုင့်​ ကား  က  တပ်​စုမှူး ၊ ​ရေဦး  ​ကျော်​သည်​နှင့်​ ဒုက္ခ နှင့်​ လှလှ စ တင်​  ဆုံစည်း  ကြပါ​လေ​တော့  သည်​  ၊              လမ်း​ပေါ်မှာ  ထ​နောင်းပင်​ ကြီးများကို လွှတိုက်​ လှဲချ ထားကာ  အတား အဆီး အဖြစ်​ ပြုလုပ်​ထားကြသည်​ ၊ တစ်​​နေရာ  နှစ်​​နေရာ မဟုတ်​ ၊ တန့်​ဆည်​  မ​ရောက်​မချင်း  လမ်း​ဘေးက  ထ​နောင်းပင်​ ကြီးများ  ကို  လှဲ ချ  ထာြး...
ဝမ်​ခသစ်​(​ကော့မူးရာ)အပိုင်း-၂၀